တရုတ်တွင် အင်အားပြင်းငလျင်တခု လှုပ်ခတ်၊ အနည်းဆုံး ၁၃ ဦးသေဆုံး

August 9, 2017

တရုတ်တွင် အင်အားပြင်းငလျင်တခု လှုပ်ခတ်၊ အနည်းဆုံး ၁၃ ဦးသေဆုံး

တရုတ်နိုင်ငံ၊ စီချွမ်ခရိုင်မှာ သြဂုတ် ၈ ရက် ညပိုင်းက အင်အား ရစ်ခ်ျတာစကေး ၇ ပမာဏရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့လို့ အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ပြီး ၁၇၅ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်က ကယ်ဆယ်ရေးလုပ်ငန်းတွေကို အလျင်အမြန် အစွမ်းကုန် လုပ်ဆောင်ကြဖို့ တိုက်တွန်းပြောကြားထားပါတယ်။ ငလျင်လှုပ်ခတ်ချိန်အတွင်းမှာ ဒေသတွင်း အလည်အပတ် ရောက်ရှိနေကြတဲ့ ခရီးသည်ဦးရေ ၃၁၅၀၀ ကိုလည်း ကယ်ဆယ်ခဲ့ရတယ်လို့ တရုတ်အစိုးရ သတင်းမီဒီယာ စီစီတီဗွီမှာ ဖော်ပြထားပါတယ်။ စီချွမ် ငလျင်စီမံခန့်ခွဲရေးဦးစီးဌာနရဲ့ တိုင်းတာချက်အရ ငလျင်ဗဟိုချက်ဟာ တိဘက်လူမျိုးစုတွေ အများဆုံးနေထိုင်တဲ့ 'ငါဝ' (Ngawa) တောင်တန်းဒေသကို ဗဟိုပြု လှုပ်ခတ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ အခုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ မြေအောက် ၆ မိုင်မှာ လှုပ်ခတ်ခဲ့တာလို့ အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့က ဆိုပါတယ်။
4 years Ago
Up