တရုတ်တွင် ရွာသားများကို အကြမ်းဖက်ရိုက်နှက်သည့် ရုပ်သံထွက်ပေါ်

A d v e r t i s e m e n t With Us

May 1, 2016

တရုတ်တွင် ရွာသားများကို အကြမ်းဖက်ရိုက်နှက်သည့် ရုပ်သံထွက်ပေါ်

တရုတ်နိုင်ငံမှာ ရွာသားတွေကို အဆောက်အအုံဖြိုလုပ်သားတွေက အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ထွက်ပေါ်လာပြီးနောက်မှာ သူတို့ကို သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာ ဧပြီလ ၃၀ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ လုပ်သား ၇ ဦးဟာ ရွာသားတွေကို သေလုမြောပါး ထိုးနှက်ကန်ကြောက်ကာ တုတ်တွေနဲ့ ရိုက်နှက်ညှဉ်းပန်းခဲ့တာတွေကို တွေ့ရပါတယ်။ တရုတ်နိုင်ငံ၊ ဟိုင်နန်ခရိုင်၊ ဟိုက်ကုမြို့မှာ ဖြစ်ခဲ့တဲ့ ဒီပဋိပက္ခရုပ်သံဗွီဒီယိုဖိုင်အပေါ် စိတ်ဆိုးဒေါသထွက်နေကြတဲ့ ပြည်သူတွေက အကြီးအကျယ်ဝေဖန်နေကြတာပါ။ ခုချိန်မှာတော့ အဲဒီအဆောက်အအုံဖြိုလုပ်သား ၇ ဦးကို ဖမ်းဆီးထိန်းသိမ်းထား လိုက်ပြီလို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up