တရုတ်တွင် ယာဉ် ၂၇ စီး ဆင့်တိုက်မှုဖြစ်၊ လူအများ ဒဏ်ရာရ

February 6, 2017

တရုတ်တွင် ယာဉ် ၂၇ စီး ဆင့်တိုက်မှုဖြစ်၊ လူအများ ဒဏ်ရာရ (ရုပ်သံ)

တရုတ်နိုင်ငံအရှေ့ပိုင်း အန်းဟွေး (Anhui) ပြည်နယ်မှာ ဖေဖော်ဝါရီ ၅ ရက်နေ့ မနက်ပိုင်းက မြူနှင်းတွေ ထူထူထပ်ထပ် ကျရောက်ခဲ့တဲ့အချိန် ယာဉ် ၂၇ စီး ဆင့်တိုက်မှုဖြစ်ခဲ့လို့ လူတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ ပြည်နယ်တွင်း အဝေးပြေးလမ်းမပေါ် မနက် ၈ နာရီခွဲလောက်မှာ ယာဉ်တွေ တိုက်မိခဲ့ကြပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးနဲ့ မီးသတ်ယာဉ် ၃ စီးကို အရေးပေါ်စေလွှတ်ခဲ့ရပြီး ကားတွေကြား ပိတ်မိခဲ့တဲ့ လူ ၂ ဦးကို နာရီဝက်ကြာ ကယ်ဆယ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒဏ်ရာရရှိသူတွေကို နီးစပ်ရာဆေးရုံ ပို့ဆောင်ခဲ့ကြပြီး ယာဉ်တိုက်မှုဖြစ်ပွားပုံ အသေးစိတ်ကိုလည်း အာဏာပိုင်တွေက စုံစမ်းစစ်ဆေးခဲ့ကြပါတယ်။
4 years Ago
Up