တရုတ်နိုင်ငံ၊ ဖူဂျီယမ်ခရိုင်၊ ကျန်ကျိုးမြို့မှာ အသက် ၁၆ နှစ်အရွယ် မိန်းကလေး တဦးဟာ မီးပွိုင့်မီးနီနေချိန်မှာ လူကူးမျဉ်းကြားက ဖြတ်ကူးခဲ့လို့ ကား ၂ စီးဖြတ်တိုက်ခံခဲ့ ရတယ်လို့ စီစီတီဗွီသတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။
ရုပ်သံကင်မရာထဲမှာ အဲဒီမိန်းကလေးဟာ မီးနီကိုဖြတ်ပြေးလာချိန်မှာ တဖက်က အရှိန်နဲ့ မောင်းနှင်လာတဲ့ကားတစီးက ၀င်တိုက်ခဲ့တာကို တွေ့ရပါတယ်။
အဲဒီကားနဲ့ တိုက်မိပြီး အရှိန်နဲ့ လွင့်ထွက်သွားချိန်မှာ တခြားလမ်းကြောင်းက မောင်းနှင်လာတဲ့ကားက ရပ်တန့်ဖို့အချိန်မရပဲ သူ့ကိုဆက်တိုက်မိခဲ့တာပါ။
ကံကောင်းထောက်မစွာပဲ အချိန်မီကယ်တင်နိုင်ခဲ့လို့ အဲဒီမိန်းကလေးမှာ ထိခိုက် ဒဏ်ရာ အနည်းငယ်ရရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
6 years Ago