တရုတ်တွင် မုန်တိုင်းကြောင့် ၂၅ မြို့နယ် ထိခိုက် (ရုပ်သံ)

A d v e r t i s e m e n t With Us

October 7, 2015

တရုတ်တွင် မုန်တိုင်းကြောင့် ၂၅ မြို့နယ် ထိခိုက် (ရုပ်သံ)

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံ ပြည်နယ်မှာ တိုက်ခတ်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်း မူဂျီဂဲဟာ မြို့နယ်ပေါင်း ၂၅ မြို့နယ်က ဒေသခံ ၃.၁၆ သန်းကို သက်ရောက်ခဲ့ပြီး လူ ၁ သိန်းခွဲလောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ မုန်တိုင်းကြောင့် စီးပွားရေး ဆုံးရှုံးမှု တရုတ်ယွမ်ငွေ ၁၂.၅ဘီလျံဖိုး ရှိတယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြပါတယ်။ ဒီနှစ်အတွက် ၂၂ လုံးမြောက် တိုင်ဖုန်းမုန်တိုင်း မူဂျီဂဲကြောင့် ကွမ်တုံပြည်နယ်အတွင်း လယ်မြေဟက်တာ ၁ သိန်း ၉သောင်း ၆ ထောင်နီးပါး ပျက်စီးခဲ့ပါတယ်။ ပြည်နယ်အစိုးရက မုန်တိုင်းသင့် မြို့လေးမြို့အတွက် ကပ်ဘေးသက်သာရေး ရန်ပုံငွေ ယွမ်သန်း ၂၅၀ ကို အောက်တိုဘာ ၆ ရက်နေ့က ချထားပေးခဲ့ပါတယ်။ ပြည်နယ် အနောက်ဘက်ပိုင်းက ကမ်းရိုးတန်း တလျှောက် ရှုခင်းသာ အပန်းဖြေနေရာတွေ အကြီးအကျယ် ပျက်စီးခဲ့ပါတယ်။ တိုင်ဖုန်းကြောင့် ဖိုရှန်းမြို့မှာ လေဆင်နှာမောင်းတွေပါ ဖြစ်ခဲ့လို့ အိမ်တွေနဲ့ အခြေခံ အဆောက်အဦတွေလည်း ပျက်စီးခဲ့ပါတယ်။ မုန်တိုင်းကြောင့် ဖိုရှန်းခရိုင် ရှန်းဒါ့မြို့နဲ့ မော်မင်မြို့တွေမှာ ရေနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပါတယ်။ စက်တင်ဘာ ၅ ရက်နေ့မှာတော့ ရှန်းဒါ့မြို့မှာ လျှပ်စစ်မီး အပြည့် ပြန်ရခဲ့ပြီး မော်မင်မြို့မှာ အိမ်ခြေ ၄ သိန်းကျော် လျှပ်စစ်မီး ပြန်ရခဲ့ပါတယ်။ တိုင်ဖုန်းမုန်တိုင်းဟာ စက်တင်ဘာ ၄ ရက်နေ့မှာ ကွမ်တုံးပြည်နယ် ကျန့်ကျန်း မြို့နားကနေ ကုန်းတွင်း ဝင်ရောက်ခဲ့ပြီး ၁ နာရီ လေတိုက်နှုန်း ၁၈၀ ကီလိုမီတာထိ ပြင်းထန်ခဲ့ပါတယ်။
5 years Ago
Up