တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ချန်ဒူ ပန်ဒါမွေးမြူရေးနဲ့ သုတေသနစခန်းမှာ ဇွန်လ ၂၇ ရက်နေ့က ပန်ဒါအမြွှာလေး မွေးဖွားခဲ့ပါတယ်။
အဲဒီပန်ဒါအမြွှာနှစ်ကောင်ဟာ အထီးလေးနဲ့ အမလေးတို့ ဖြစ်ကြပြီး ပန်ဒါမကြီး ချန်ဒါက မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
ပန်ဒါအမလေးဟာ အလေးချိန် ၁၂၈ ဒသမ ၂ ဂရမ်ရှိပြီး အထီးလေးကတော့ ၁၆၀ ဒသမ ၂ ဂရမ်ရှိပါတယ်။
ပန်ဒါမကြီးနဲ့ ပန်ဒါပေါက်လေးတွေရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ ပန်ဒါသုတေသနစခန်းက ဆိုကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
6 years Ago