တရုတ်တွင် ပထမဆုံး ဇီကာဗိုင်းရပ်စ်လူနာ နေပြန်ကောင်း၍ ဆေးရုံမှဆင်း

A d v e r t i s e m e n t With Us

February 15, 2016

တရုတ်တွင် ပထမဆုံး ဇီကာဗိုင်းရပ်စ်လူနာ နေပြန်ကောင်း၍ ဆေးရုံမှဆင်း

ရတရုတ်နိုင်ငံရဲ့ ပထမဆုံး ဇီကာဗိုင်းရပ်စ်လူနာကို နေပြန်ကောင်းလာလို့ တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းရှီးပြည်နယ် ကန်ရှန်းကောင်တီနယ်မြေ ဆေးရုံကနေ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ပြန်ဆင်းခွင့်ပြုလိုက်ပါပြီ။ အဖျား၊ ခေါင်းကိုက်နဲ့ မူးဝေတာ စတဲ့ ဝေဒနာတွေ အပါအ၀င် လူနာရဲ့ ရောဂါလက္ခဏာတွေ အားလုံး သက်သာလာတယ်လို့ လူနာ တက်ရောက်ကုသခံနေတဲ့ ကန်ရှန်းကောင်တီ ပြည်သူ့ဆေးရုံ ဆရာဝန်တွေက ပြောပါတယ်။ အသက် ၃၄ နှစ်အရွယ် အမျိုးသားလူနာ လျိုဟာ ဗင်နီဇွဲလားနိုင်ငံကို သွားရောက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၈ ရက်နေ့မှာတော့ အဖျား၊ ခေါင်းကိုက်၊ မူးဝေ စတဲ့ ဝေဒနာတွေ အပါအ၀င် ရောဂါလက္ခဏာတွေ ပြလာခဲ့တာပါ။ ဖေဖော်ဝါရီ ၆ ရက်နေ့မှာတော့ သူ့ကို ဆေးရုံတင်ခဲ့ပြီးနောက် အမျိုးသားကျန်းမာရေးနဲ့ မိသားစုစီမံကိန်း ကော်မရှင်နဲ့ တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနမှ ပညာရှင်တွေက သူ့ကို တရုတ်နိုင်ငံရဲ့ ပထမဆုံး ဇီကာဗိုင်းရပ်စ် လူနာအဖြစ် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
5 years Ago
Up