တရုတ်နိုင်ငံအရှေ့ပိုင်း ကြယ့်ကျန်းပြည်နယ် ဟန်ကျိုးမြို့မှာ ဇူလိုင် ၂၁ ရက်နေ့က ဓာတ်ငွေ့အိုး ပေါက်ကွဲခဲ့တာကြောင့် လူ ၂ ဦးထက်မနည်း သေဆုံးပြီး ၅၅ ဦး ဒဏ်ရာရရှိသွားပါတယ်။
ဒဏ်ရာရသူတွေထဲက ၁၂ ဦးဟာ အခြေအနေဆိုးတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။
စားသောက်ဆိုင်တဆိုင်မှာဖြစ်ခဲ့တဲ့ ဒီဓာတ်ငွေ့ပေါက်ကွဲမှုဟာ ဒေသစံတော်ချိန် မနက် ၈ နာရီ ၄၀ မှာ ဖြစ်ပွားခဲ့တာပါ။
ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။
6 years Ago