တရုတ်တွင် ထရပ်ကား ၂ စီး တိုက်မိပြီး မီးလောင်၊

July 27, 2017

တရုတ်တွင် ထရပ်ကား ၂ စီး တိုက်မိပြီး မီးလောင်၊ ၄ ဦး သေဆုံး (ရုပ်သံ)

  တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွမ်ရှီးကျူအန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဝေးပြေးလမ်းမပေါ်မှာ ဇူလိုင် ၂၆ ရက်နေ့က ထရပ်ကား ၂ စီး ခေါင်းချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၄ ဦးသေဆုံးသွားပါတယ်။ ကွမ်ကျိုးမြို့နဲ့၊ နန်နင်းမြို့ကို ဆက်သွယ်ထားတဲ့ G80 အဝေးပြေးကားလမ်းပေါ်မှာ ဖြစ်ခဲ့တာပါ။ ကွန်တိန်နာကားတစီးနဲ့ ကုန်ကားတစီးတို့ ၀င်တိုက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ထရပ်ကားဟာ အရှိန်မထိန်းနိုင်တာကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up