တရုတ်တွင် ဆီးနှင်းကြောင့် လမ်းချော်ပြီး ကားအမြောက်အမြားတိုက်မိ

January 20, 2016

တရုတ်တွင် ဆီးနှင်းကြောင့် လမ်းချော်ပြီး ကားအမြောက်အမြားတိုက်မိ (ရုပ်သံ)

တရုတ်နိုင်ငံမြောက်ပိုင်း မွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက ချီဖန်မြို့မှာ ရေခဲဖုံးနေတဲ့ လမ်းပေါ် လမ်းချော်ပြီး ကားတွေ အမြောက်အမြား တိုက်မိခဲ့ပါတယ်။ ဒီလိုကားတိုက်မှုကြောင့် ၁ ဦးသေ ၂ ဦး ဒဏ်ရာရတယ်လို့ စီစီတီဗွီသတင်းက ရေးပါတယ်။ ရေခဲဖုံးနေတဲ့ လမ်းပေါ်ကို ကားတစီးက မောင်းနှင်လာရာမှာ လမ်းချော်ပြီး တခြားကားတွေကို ၀င်တိုက်မိခဲ့တာလည်း ဖြစ်ပါတယ်။
7 years Ago
Up