တရုတ်တွင် ဂျူရာ့ဆစ်ခ်ခေတ် ဒိုင်နိုဆောခြေရာရုပ်ကြွင်းများ တွေ့ရှိ (ရုပ်သံ)

January 8, 2017

တရုတ်တွင် ဂျူရာ့ဆစ်ခ်ခေတ် ဒိုင်နိုဆောခြေရာရုပ်ကြွင်းများ တွေ့ရှိ (ရုပ်သံ)

တရုတ်နိုင်ငံမှာ မကြာသေးခင်က ဂျူရာ့ဆစ်ခ်(Jurassic)ခေတ် ဒိုင်နိုဆောခြေရာ ရုပ်ကြွင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ စီစီတီဗွီသတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။ ဒီခြေရာရုပ်ကြွင်းချိုင့်ခွက်တွေကို တရုတ်နိုင်ငံအနောက်တောင်ပိုင်း ဂွီကျိုးခရိုင်၊ ဘီဂျီးမြို့က တောင်ကမ်းပါးရံတခုမှာ တွေ့ရှိခဲ့ရတာလို့ ပညာရှင်တွေက ဆိုပါတယ်။ ဒိုင်နိုဆောရုပ်ကြွင်းခြေရာတွေဟာ ၂၀ စင်တီမီတာကနေ ၅၀ စင်တီမီတာအထိ အရှည်တွေရှိကြပြီး ဘဲဥပုံလိုလိုပုံသဏ္ဌာန်ရှိတယ်လို့ ပြောပါတယ်။ ဒါတွေဟာ ဒိုင်နိုဆောသတ္တ၀ါတွေ ကျင်လည်ကျက်စားခဲ့စဉ်က လှည့်လည်သွား ရောက်ခဲ့တဲ့နေရာတွေဖြစ်ပြီး နှစ်သန်းချီကြာမြင့်ချိန်မှာတော့ ရုပ်ကြွင်းတွေဖြစ်လာခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up