တရုတ်တွင် ကျင်းပ

December 23, 2017

အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲ တရုတ်တွင် ကျင်းပ

တရုတ်က ဦးဆောင်ပြုလုပ်တဲ့ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲကို တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၁ ရက်ကနေ ၂၂ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့တဲ့ အဲဒီ ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲမှာ အစ္စရေးနဲ့ ပါလက်စတိုင်းကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲမှာ အစ္စရေးနဲ့ ပါလက်စတိုင်းကိုယ်စားလှယ်တွေဟာ တရုတ်ရဲ့ အခုလို ဆက်သွယ်ရေးလမ်းကြောင်း တခုလုပ်ပေးတဲ့အပေါ် ချီးကျူးပြောဆိုခဲ့ကြသလို၊ အစ္စရေး-ပါလက်စတိုင်း အကြပ်အတည်းကို “နှစ်နိုင်ငံ ပူးတွဲတည်ရှိမှု” ဆိုတဲ့ အခြေခံပေါ်မှာ ဖြေရှင်းဖို့ သဘောတူကြတယ်လို့လည်း တရုတ်အစိုးရရဲ့ အရှေ့အလယ်ပိုင်းရေးရာ အထူးကိုယ်စားလှယ် ကုန်းရှောင်ရှန်း ကပြောကြားပါတယ်။ တရုတ်ဟာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲကို ၂၀၀၆ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်က ဘေဂျင်းနဲ့ ဂျေရုဆလင်တို့မှာ ကျင်းပခဲ့တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up