တရုတ်တွင် ကုန်တင်ယာဉ်နှင့်

March 4, 2017

တရုတ်တွင် ကုန်တင်ယာဉ်နှင့်ခရီးသည်တင်ဘတ်စ်ကား တိုက်၊ ၁၀ ဦး သေဆုံး (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှာ မတ် ၂ ရက်နေ့က ကွန်ကရစ်တင်ထားတဲ့ ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ဘတ်စ်ကားတို့ တိုက်မိတာကြောင့် ၁၀ ဦး သေဆုံးပြီး ၃၈ ဦး ဒဏ်ရာရပါတယ်။ လင်ချန်းမြို့ ယွင်းရှန်းမြို့နယ်က အဝေးပြေးလမ်းမပေါ်မှာ ည ၁၁ နာရီ ခွဲလောက် မတ်ာတဆ ဖြစ်ခဲ့တာလို့ အစိုးရပြန်ကြားရေးရုံးက မတ် ၃ ရက်နေ့မနက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ စီချွမ်ပြည်နယ် လိုင်စင်ပြားနဲ့ ကွန်ကရစ်တင်ယာဉ်ဟာ လမ်းချော်ပြီး လူ ၄၇ ယောက်ကို တင်ထားတဲ့ ဘတ်စ်ကားကို ဝင်တိုက်ခဲ့တာလို့ ကြေညာချက်က ဆိုပါတယ်။ ဘတ်စ်ကားဟာ ဂံမာမြို့နယ်ကနေ ယူနန်ပြည်နယ်ရဲ့ မြို့တော် ခွေ့မိင်ကို သွားတဲ့ကားပါ။ တိုက်ခံရလို့ လမ်းပေါ် တိမ်းမှောက်ခဲ့ပါတယ်။ လူ ၉ ဦး အခင်းဖြစ်နေရာမှာ သေဆုံးပြီး ၁ ဦးက ဆေးရုံရောက်မှ သေဆုံးတယ်လို့ ကြေညာချက်က ဆိုပါတယ်။ သေဆုံး ဒဏ်ရာရသူတွေ ဘယ်သူဘယ်ဝါ ဆိုတာတော့ မပြောသေးပါဘူး။ ဒီအမှုကို အစိုးရက စုံစမ်းစစ်ဆေးနေပြီး ဒဏ်ရာရသူတွေကို ဆေးရုံတွေဆီ တင်ပို့ထားတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ရုပ်သံ - CCTV
5 years Ago
Up