တရုတ်တွင် ကုန်ကား ၂ စီး မျက်နှာချင်းတိုက် မီးလောင်ပေါက်ကွဲ (ရုပ်သံ)

May 14, 2016

တရုတ်တွင် ကုန်ကား ၂ စီး မျက်နှာချင်းဆိုင်တိုက် မီးလောင်ပေါက်ကွဲ (ရုပ်သံ)

တရုတ်နိုင်ငံ ဂွမ်ဒေါင်းခရိုင် ရှိဂွမ်မြို့မှာ ကုန်တင်ကား ၂ စီးတိုက်မိပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မေ ၁၁ ရက်က ထရပ်ကား ၂ စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားကာ တင်လာတဲ့ ပစ္စည်းတွေ လမ်းပေါ်မှာ ပျံ့ကြဲသွားပါတယ်။ လူနေအိမ်အနီးမှာ ဖြစ်ပွားတဲ့အတွက် မကြာခင်မှာပဲ မီးသတ်တပ်ဖွဲ့တွေ ရောက်လာပြီး မီးကို ငြိမ်းသတ်ခဲ့ပါတယ်။ ဒေသခံရဲတွေရဲ့ အဆိုအရ ကားတစီးက တခြားကားမောင်းလာတဲ့ လမ်းကြောင်းကို ၀င်သွားပြီး တိုက်မိသွားတာ ဖြစ်ပါတယ်။ မတော်တဆမှုကြောင့် လူ ၂ ဦးသေ၊ ၁ ဦးဒဏ်ရာရရှိကာ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
6 years Ago
Up