တရုတ်တွင် ကုန်ကားတစီး

April 23, 2017

တရုတ်တွင် ကုန်ကားတစီး လူနေအိမ်ထဲ ထိုးဝင်၊ ၆ ဦးသေ (ရုပ်သံ)

တရုတ်အနောက်ပိုင်းက ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်မှာ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့က လူနေအိမ်တွေထဲ ကုန်ကားကြီးတစီး ထိုးဝင်သွားခဲ့လို့ လူ ၆ ဦး အခင်းဖြစ်နေရာမှာ သေဆုံးသွားပါတယ်။ ရှာဝမ်မြို့နယ်မှာ နေလည် ၂ နာရီလောက်မှာ ဖြစ်ပွားခဲ့ပြီး ကုန်ကားမောင်းသူကတော့ ယာဉ်ကို မထိန်းနိုင်တော့လို့ ခုန်ချခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ ကုန်ကားဟာ အိမ်တွေထဲ တိုးဝင်သွားခဲ့တာ ဖြစ်ပြီး နေအိမ် အပျက်အစီးအောက်မှာ ပိတ်မိသူတွေကို ရှာဖွေခဲ့ကြပြီး ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ ၃ နာရီ ကြာခဲ့ပါတယ်။
4 years Ago
Up