တရုတ်တွင် ကားများ ကြောက်မက်ဖွယ် ဆင့်ကဲတိုက်မိ

A d v e r t i s e m e n t With Us

August 12, 2016

တရုတ်တွင် ကားများ ကြောက်မက်ဖွယ် ဆင့်ကဲတိုက်မိ (ရုပ်သံ)

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုန်းပြည်နယ် ကျီဘိုမြို့မှာ သြဂုတ် ၁၁ ရက်က ကုန်ကားနဲ့ ဘတ်စ်ကားတို့ တိုက်မိရာက နောက်ထပ်ကားတွေကို တဆင့်ပြီးတဆင့် တိုက်မိလို့ အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး နောက်ထပ် လူ ၁၀ ဦး ဒဏ်ရာရပါတယ်။ ဒဏ်ရာရသူတွေထဲက ၂ ဦးဟာ အသည်းအသန် အခြေအနေမှာ ရှိနေပါတယ်။ ကားတစီးမှာတပ်ထားတဲ့ ကင်မရာကနေ ရိုက်ကူးတဲ့ ရုပ်သံထဲမှာ လမ်းဘေးကနေ မောင်းထွက်သွားတဲ့ ကုန်ကားက အဓိက လမ်းမကြီးပေါ်မှာ ရှိနေတဲ့ ဘတ်စ်ကား ၂ စီး၊ ဆီဒင်ကား ၁ စီးနဲ့ မော်တော်ဆိုင်ကယ် ၁ စီးတို့ကို ဝင်တိုက်ခဲ့တာပါ။ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲတွေက လူသေတဲ့ မတော်တဆမှု ဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။
5 years Ago
Up