တရုတ်တွင် ကားတစီး စားသောက်ဆိုင်ထဲ ၀င်တိုက် (ရုပ်သံ)

May 22, 2016

တရုတ်တွင် ကားတစီး စားသောက်ဆိုင်ထဲ ၀င်တိုက် (ရုပ်သံ)

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ မေ ၂၀ ရက်နေ့က စားသောက်ဆိုင်တဆိုင်ထဲ ကားတစီးအရှိန်လွန် ၀င်ရောက်သွားခဲ့လို့ ဆိုင်ထဲမှာ စားသောက်နေသူတချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ စားသောက်ဆိုင်မှာ တပ်ထားတဲ့ လုံခြုံရေးကင်မရာတွေက ကား စားသောက်ဆိုင် အရှိန်လွန်ဝင်ရောက်သွားပုံ၊ အထဲမှာ စားသောက်နေသူတွေကို ၀င်တိုက်ခဲ့မိပုံတွေအားလုံးကို ရိုက်မိထားပါတယ်။ ကားမောင်းသူအမျိုးသမီးက ကားဘရိတ်နဲ့ လီဗာကို မှားနင်းပြီး စားသောက်ဆိုင်ထဲဝင်သွားတာလို့ ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့သူတွေကို စားသောက်ဆိုင်ဝန်ထမ်းတွေက အရေးပေါ်ဆေးကုသမှုတွေပေးခဲ့ပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ ကားမောင်းသူအမျိုးသမီးကတော့ ထိခိုက်မှုမရှိခဲ့ပါဘူး။ ဒီမတော်တဆမှုနဲ့ပတ်သက်ပြီး ဒေသခံရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။
6 years Ago
Up