ကမ္ဘာ့အရှည်ဆုံးနဲ့ အမြင့်ဆုံး မှန်အခင်းတပ် ကြိုးတံတားကို တရုတ်နိုင်ငံအလယ်ပိုင်းက ဟူနန်ပြည်နယ်မှာ သြဂုတ် ၂၀ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။
အဗက်တာ Avatar ရုပ်ရှင်ဇာတ်ကားမှာပါတဲ့ ကျောက်တောင် ၂ ခုကို သွယ်တန်းတည် ဆောက်ထားပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပြီးစီးခဲ့တာပါ။
အရှည်မီတာ ၄၃၀ နဲ့ အမြင့်မီတာ ၃၀၀ ရှိပြီး အမေရိကန် ဒေါ်လာ ၃.၄ သန်းအကုန်အကျခံ တည်ဆောက်ထားတယ်လို့ အစိုးရပိုင် ဆင်ဟွာသတင်းက ဆိုပါတယ်။
အကျယ်မီတာ ၆ မီတာရှိတဲ့ တံတားအခင်းကို မှန်အချပ်ကြီး ၉၉ ချပ် နဲ့ ခင်းထားတာပါ။ ဒီကြိုးတံတားကြီးကို အစ္စရေး ဗိသုကာရှင်တဦးက ဒီဇိုင်းထုတ်ထားတာလည်းဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ အခုလိုကြိုးတံတားတွေဟာ အထူးရေပန်းစားပြီး အဖွဲ့လိုက် ယောဂကျင့်တာတို့၊ ကြိုးတံတားအောက် ကြိုးဆွဲပြီး မင်္ဂလာဆောင်ကြတာမျိုးတောင် ရှိပါတယ်။ အခုလထဲမှာပဲ ဟူနန်ပြည်နယ်ထဲက အခုလိုကြိုးတံတားအောက်မှာ ကြိုးပခတ်ချပြီး မင်္ဂလာစုံတွဲတတွဲ မင်္ဂလာဆောင်ခဲ့ကြပါသေးတယ်။
5 years Ago