တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းမှာ မြူထူတွေကြောင့် ချွင်ကျိုးရေလက်ကြားက ကူတို့ယာဉ် ဝန်ဆောင်မှုလုပ်ငန်းတွေ စနေညနေက ရပ်တန့်ခဲ့ပါတယ်။
ဒါကြောင့် ထောင်နဲ့ချီတဲ့ ယာဉ်တွေနဲ့ ခရီးသည်တွေ စောင့်ဆိုင်းနေခဲ့ရပါတယ်။
ဟိုက်ခိုမြို့ ပင်လယ်ဆိပ်ကမ်းမှာ မြင်နိုင်စွမ်းဟာ တနင်္ဂနွေ မနက်မှာ မြူကွဲလို့ အခြေအနေ တိုးတက်လာပါပြီ။ ဒါပေမယ့် ကွမ်တုံ ပြည်နယ်ထဲက ဆိုက်ရောက် ဆိပ်ကမ်းတွေက သင်္ဘောတွေ ခုတ်မောင်းလို့ ကောင်းတဲ့အဆင့်ကို မရောက်သေးပါဘူး။
ကားတွေ၊ လူတွေကို တင်ထားတဲ့ ကူတို့ယာဉ်တွေဟာ ဟိုက်ခိုဆိပ်ကမ်းမှာ စောင့်နေရပြီး အခြေအနေက လုံလောက်အောင် တိုးတက်လာတာနဲ့ တပြိုင်နက် ကမ်းကနေ ခွာနိုင်အောင် အသင့်ပြင်ထားကြပါတယ်။
ဒေသခံ အာဏာပိုင်တွေနဲ့ ယာဉ်စည်းကမ်း ဌာနတွေက ယာဉ်အသွားအလာ ချောမွေ့အောင် လိုအပ်သမျှ အားထုတ်လုပ်ဆောင်နေပါတယ်။
ဟိုနန်ကျွန်းနဲ့ ကွမ်တုံ ကုန်းမတို့ကြား သင်္ဘောလိုင်းတွေဟာ မြူထူတွေကြောင့် ဗုဒ္ဓဟူးနေ့ ညတည်းက သောင်တင်နေခဲ့တာပါ။
ဟိုင်နန်ကျွန်းမှာ သောင်တင်နေတဲ့ လူတွေ၊ ကားတွေကို လွှဲပြောင်းပေးဖို့ သင်္ဘောကုမ္ပဏီတွေနဲ့ လေကြောင်းလိုင်းတွေက အာဏာပိုင်တွေနဲ့အတူ ကြိုးစားလုပ်ဆာင် နေပါတယ်။
5 years Ago