တရုတ်တိုင်ပေ

A d v e r t i s e m e n t With Us

November 15, 2018

ဖုန်း ၁၅ လုံးဖြင့် ပိုကီမွန်ဂိမ်း ကစားသည့် တရုတ်အဘိုးအို (ရုပ်သံ)

တရုတ်တိုင်ပေက အသက် ၇၀ အရွယ် ပိုကီမွန်ဝါသနာအိုး အဘိုးအိုဟာ တချိန်တည်းမှာ  ဖုန်း ၁၅ လုံးနဲ့ ပိုကီမွန်ကစားတယ်လို့ သိရပါတယ်။ သူ့စက်ဘီးမှာ ဖုန်း ၁၅ လုံးတပ်ပြီး ပိုကီမွန်လိုက်ဖမ်းတဲ့ သတင်းဟာလည်း အင်တာနက်မှာ ပျံ့နှံ့နေပါတယ်။ ပိုကီမွန်အဘိုးလို့ လူသိများတဲ့ အဘိုးအို ချန်ဆန်းယွမ်က “၂၀၁၆ ခုနှစ်က စပြီး ပိုကီမွန်ဂိမ်းကို ကစားခဲ့တာပါ။ အဲဒီတုန်းကတော့ ဖုန်းတလုံးတည်းနဲ့ ကစားခဲ့တယ်။ နောက်တလလောက်နေတော့ ဖုန်း ၃ လုံး၊ ၆ လုံး၊ ၉ လုံးနဲ့ အခုတော့ ဖုန်း ၁၅ လုံးအထိ များလာတယ်” လို့ ပြောပါတယ်။ အဘိုးအိုချန်က လွယ်လင့်တကူ သယ်သွားလို့ရတဲ့ ဝယ်သူစိတ်ကြိုက် ဘက်ထရီတွေကြောင့် သူဟာ ညလုံးပေါက် ပိုကီမွန်ဂိမ်း ကစားနိုင်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒီဂိမ်းကစားဖို့အတွက် တလကို ပျှမ်းမျှဒေါ်လာ ၃၀၀ လောက်သုံးပြီး ဒစ်ဂျစ်တယ်ငွေကြေး ဝယ်ယူရတယ်လို့လည်း ဆိုပါတယ်။ တရုတ်တိုင်ပေမှာရှိတဲ့ ပင်စင်စား အများစုလိုပဲ အဘိုးအိုချန်မှာ အချိန်တွေ ပိုလျှံနေပြီး သူဟာ မိုဘိုင်းဖုန်းတွေ တပ်ထားတဲ့ စက်ဘီးလေးနဲ့ အပြင်ထွက်တိုင်း ပိုကီမွန်အကောင်လေးတွေကို လိုက်ဖမ်းနေတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago

October 22, 2018

တရုတ်တိုင်ပေတွင် အမြန်ရထား လမ်းချော်မှုကြောင့် အနည်းဆုံး ၁၈ ဦး သေဆုံး

တရုတ်တိုင်ပေ ယီလန်စီရင်စုမှာ အောက်တိုဘာ ၂၁ ရက်နေ့က ဖြစ်ခဲ့တဲ့ အမြန်ရထား လမ်းချော်မှုကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံးပြီး ၁၇၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ရထားလမ်း အာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ခရီးသည် ၃၆၆ ဦး လိုက်ပါခဲ့တဲ့ ဟီမာအိတ်စ်ပရက်စ် အမြန်ရထားဟာ ဒေသစံတော်ချိန် ညနေ ၅ နာရီဝန်းကျင်က လမ်းချော်ခဲ့တာပါ။ ဒီရထားလမ်းချော်မှုဟာ ဆယ်စုနှစ် ၃ ခုကျော်အတွင်း တရုတ်တိုင်ပေရဲ့ အဆိုးရွားဆုံး ရထားလမ်း မတော်တဆမှု ဖြစ်ပါတယ်။ အဲဒီအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတာပါ။ တရုတ်တိုင်ပေသမ္မတ စိုင်းအင်ဝမ်ဟာလည်း ရထားလမ်းချော်မှုမှာ သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေကို အောက်တိုဘာ ၂၂ ရက်နေ့မှာ သွားရောက်တွေ့ဆုံခဲ့တာကို ရိုက်တာသတင်းမှာ မြင်တွေ့ရပါတယ်။
2 years Ago
Up