တရုတ်တရားရုံးက ထိုင်ဝမ်ရေးရာရုံး

April 21, 2017

တရုတ်တရားရုံးက ထိုင်ဝမ်ရေးရာရုံး ဒုအကြီးအကဲကို ထောင်ဒဏ် ၁၅ နှစ်ချမှတ်

တရုတ်နိုင်ငံ တရားရုံးတခုဟာ ထိုင်ဝမ်ရေးရာရုံး ဒုအကြီးအကဲဟောင်းတဦးကို လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးစားမှုတို့နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ကြောင်း နိုင်ငံပိုင် သတင်းဌာနက ဧပြီလ ၂၀ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ဂေါင်ကျားရီဟာ၂၀၁၅ ခုနှစ်အထိ  တာဝန်ထမ်းဆောင်ခဲ့တဲ့ ၉ နှစ်တာ ကာလအတွင်း ယွမ်ငွေ ၅ ဒသမ ၃ သန်း တန်ဖိုးရှိတဲ့ တရားမဝင်ပိုင်ဆိုင်မှုတွေကို ရယူခဲ့ကြောင်း ဟိုင်နန် ပြည်နယ်တရားရုံးက ပြောကြားခဲ့ပါတယ်။ တရုတ်သမ္မတ ရှီကျင်းဖျင်ဟာ ၂၀၁၃ ခုနှစ်မှာ တာဝန်စတင်ထမ်းဆောင်ပြီး မကြာခင်မှာပဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို စတင်ခဲ့ပါတယ်။ တရုတ်သမ္မတက အာဏာရ တရုတ်ကွန်မြူနစ်ပါတီအတွင်း လှိုက်စားနေတဲ့ အကျင့်ပျက် ခြစားမှုကို အမြစ်ပြတ် သုတ်သင်မယ်လို့ ကတိပြု ပြောကြားထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up