တရုတ်စစ်သမီးလှပျိုဖြူလေးများ၏ အက (ရုပ်သံ)

June 22, 2017

အွန်လိုင်းပေါ် နာမည်ကြီးနေသည့် တရုတ်စစ်သမီးလှပျိုဖြူလေးများ၏ အက (ရုပ်သံ)

စည်းချက်ညီညီ ကခုန်လှုပ်ရှားမှုတွေနဲ့ တရုတ်စစ်သမီးလှပျိုဖြူလေးတွေရဲ့ အက ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက် အွန်လိုင်းစာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေပါတယ်။ အဲဒီမိန်းကလေးတွေဟာ တရုတ်လက်နက်ကိုင်အထူးတပ်ဖွဲ့မှ စစ်သမီးတွေ ဖြစ်ကြတယ်လို့ စီဂျီတီအန်သတင်းမှာ ဇွန်လ ၂၁ ရက်နေ့က ဖော်ပြပါတယ်။ သူတို့ဟာ စစ်ယူနီဖောင်းတွေ ဝတ်ဆင်ထားကြကာ ရုံးခန်း၊ လေ့ကျင့်ရေးကွင်းပြင် စတဲ့ နေရာတွေမှာ စည်းချက်နဲ့အတူ ကခုန်လှုပ်ရှားနေခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရမှာပါ။ လက်ရှိမှာတော့ Seve လို့ အမည်ပေးထားတဲ့ ဒီအကရုပ်သံဗွီဒီယိုဖိုင်ဟာ တရုတ် အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့ပြီး စစ်သမီးတွေရဲ့ ငယ်ရွယ်နုပျိုပြီး သွက်လက်တဲ့ လှုပ်ရှားမှုတွေကြောင့် နာမည်ကြီးနေခဲ့တာပါ။
5 years Ago
Up