တရုတ်ငလျင်

A d v e r t i s e m e n t With Us

June 18, 2019

တရုတ်တွင် ငလျင်ကြောင့် ၁၁ ဦးသေဆုံး၊ ၁၂၂ ဦး ဒဏ်ရာရ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ ဇွန် ၁၇ ရက် နှောင်းပိုင်းက ငလျင် ၂ ကြိမ်လှုပ်ခဲ့ပြီး ဒီနေ့မနက်ပိုင်းအထိ သေဆုံးသူ ၁၁ ယောက်၊ ဒဏ်ရာရသူ ၁၂၂ ယောက် ရှိတယ်လို့ အစိုးရမီဒီယာက သတင်းထုတ်ပြန်ပါတယ်။ ကယ်ဆယ်ရေးသမားတွေက အပျက်အစီးတွေအောက်ကနေ ရှင်သန်ကျန်ရစ်သူတွေကို ဆွဲထုတ်ခဲ့တယ်လို့ ပြောပါတယ်။ ချန်နင်းမြို့နယ်မှာ မိနစ် ၃၀ ခြားပြီး လှုပ်ခဲ့တဲ့ ငလျင်ဟာ ရစ်ခ်ျတာစကေး ၅.၉ နဲ့ ၅.၂ အသီးသီးရှိပြီး မြေအောက်အနက် ၆ မိုင်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာလို့ အမေရိကန် ဘူမိစစ်တမ်းဌာန USGS က ပြောပါတယ်။ ငလျင်ဒဏ်ကို ပြည်နယ်ရဲ့ မြို့တော် ချန်ဒူနဲ့ ချုံချင်း မြို့ကြီးတွေထိ ခံစားခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ် မေလက စီချွမ်ငလျင်ကြောင့် လူ ၇ သောင်းနီးပါး သေဆုံးခဲ့ဖူးပါတယ်။
2 years Ago
Up