တရုတ်ကလပ် ကမ်းလှမ်းမှုကို

April 6, 2018

၁ နှစ် ပေါင်သန်း ၇၀ ရမည့် တရုတ်ကလပ် ကမ်းလှမ်းမှုကို မိုဗစ် ငြင်းဆိုခဲ့ဟုဆို

  တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ အယ်လ်အေဂလက်ဆီအသင်းကို မပြောင်းရွှေ့ခင်က ၁ နှစ်ကို ပေါင်သန်း ၇၀ ရရှိမယ့် တရုတ်ကလပ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့တယ်လို့ ကလပ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာက ပြောပါတယ်။ ဒါ့အပြင် မန်ချက်စတာယူနိုက်တက်အသင်းမှာ ရရှိခဲ့တဲ့လစာထက် ၉၅ ရာခိုင်နှုန်းနည်းတဲ့ လုပ်ခလစာနဲ့အတူ အသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အီဗရာဟီမိုဗစ်ဟာ အယ်လ်အေဂလက်ဆီအသင်းမှာ ပထမဆုံးပွဲထွက်ကစားခွင့် ရရှိချိန်မှာပဲ ၂ ဂိုးသွင်းယူခဲ့သလို လှပတဲ့ သွင်းဂိုး ၁ ဂိုး လည်း ပါဝင်ခဲ့ပါတယ်။ အီဗရာဟီမိုဗစ်ဟာ သူ့ကိုယ်သူ ခြင်္သေတစ်ကောင်လိုရော၊ နတ်ဘုရားလိုပါ ခံယူထားသူဖြစ်ပြီး ဥရောပနာမည်ကြီး ကလပ်အသင်းတွေနဲ့အတူ ဖလား ၃၃ လုံးထိ ရရှိထားတာပါတယ်။ မကြာခင်အချိန်က ရော်နယ်ဒိုရဲ့ ဘိုင်စကယ်ကစ် သွင်းဂိုးနဲ့ ပတ်သက်လို့ အလှပဆုံးဂိုးအဖြစ် သတ်မှတ်ဖို့ဆိုရင် သူ့လို ကိုက် ၄၀ အကွာက သွင်းယူနိုင်ရမယ်လို့ ဆိုထားပါတယ်။
3 years Ago
Up