တရုတ်စူပါလိဂ်ကလပ်တွေက နည်းပြလုပ်ဖို့ ကမ်းလှမ်းတာတွေ ရှိတယ်လို့ ချဲလ်ဆီး နည်းပြ ဂူ့စ် ဟစ်ဒစ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
အသက် ၆၉ နှစ်အရွယ် နည်းပြကို ချဲလ်ဆီးက ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ နည်းပြအဖြစ် ခန့်အပ်ထားတာပါ။
တရုတ်ကို သွားဖို့ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေအတွင်းမှာ အခွင့်အရေး ရှိခဲ့တယ်လို့ နည်းပြ ဟစ်ဒစ်က ပြောပါတယ်။
သူဟာ ချဲလ်ဆီးကို ရောက်ရှိလာအပြီးမှာ အသင်းကို ရှုံးပွဲမရှိသေးအောင် စွမ်းဆောင် ထားပါတယ်။
လောလောဆယ် တရုတ်စူပါလိဂ်ကလပ်တွေဟာ ဘရာဇီး နည်းပြဟောင်း စကိုလာရီနဲ့ အင်္ဂလန် နည်းပြဟောင်း အဲရစ်ဆန်တို့ နည်းပြတွေအဖြစ် လုပ်ကိုင်နေပါတယ်။
တရုတ်ကလပ်တွေဟာ အခုနောက်ပိုင်း နှစ်တွေမှာ နာမည်ကြီး ကစားသမားခေါ်ယူမှုအတွက် ငွေသုံးစွဲမှု များပြားလာပြီး ဇန်န၀ါရီ ပရီးမီးယားလိဂ် အပြောင်းအရွှေ့မှာ ပေါင် ၁၇၅ သန်းအထိ စံချိန်တင် သုံးစွဲထားပါတယ်။
5 years Ago