အိုလံပစ်အားကစားပြိုင်ပွဲရဲ့ အားကစားအမျိုးအစားတွေမှာ ကစားနေပုံတွေကို ရိုက်ယူခဲ့တဲ့ တနှစ်သားကလေးငယ်ရဲ့ ကိုယ်ဟန်ပြ ဓာတ်ပုံတွေဟာ လတ်တလောမှာ အင်တာနက် စာမျက်နှာတွေပေါ် ရေပန်းစားနေတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ဒီပုံတွေကို ရိုက်ကူးခဲ့တာကတော့ ဖခင်ဖြစ်သူ အမေရိကန်နိုင်ငံမှ အပျော်တမ်း ဓာတ်ပုံဆရာ အလန် လောရန့်စ်ဖြစ်ပြီး “Little Olympian” လို့ ပုံတွေကို အမည်ပေးခဲ့တာပါ။
လောရန့်စ်ဟာ အမေရိကန်နိုင်ငံ၊ အော့တ်ဝါပြည်နယ်မှာ နေထိုင်တာဖြစ်ပြီး ချစ်စရာကောင်းတဲ့ ကိုယ်ဟန်အမူအရာအမျိုးမျိုးနဲ့ ကစားပြနေတဲ့ သားငယ်ရဲ့ ပုံတွေကို သူ့ရဲ့ ကိုယ်ပိုင်ဘလော့ဂ် စာမျက်နှာပေါ် တင်ခဲ့တာပါ။
ကစားပြနေပုံ သရုပ်ပြမှုတွေထဲမှာ ကိုယ်ကာယလေ့ကျင့်တာတွေ၊ ကမ်းခြေဘော်လီဘော ကစားတာတွေကနေ အလေးမ ကစားပြတာတွေအထိ ပါဝင်နေတာပါ။
လက်ရှိမှာတော့ ဒီပုံတွေကို သူ့ရဲ့ ကိုယ်ပိုင်ဘလော့ဂ် စာမျက်နှာတွေကတဆင့် မီဒီယာတွေပေါ် ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေခဲ့ပါပြီ။
“ကျနော် ကလေးဘ၀တုန်းက အိုလံပစ်အားကစားပွဲတွေဆီ မရောက်ခဲ့ဖူးပါဘူး။ အဲဒီလို အခွင့်အရေးမရခဲ့လို့ နောင်တရမိပါတယ်” လို့ လောရန့်စ်က အေဘီစီသတင်းဌာနကို ပြောပါတယ်။
သူဟာ သားငယ်ကို နွေရာသီ အိုလံပစ် အားကစားပြိုင်ပွဲရဲ့ အတွေ့အကြုံကို ရရှိစေလိုတာဖြစ်မယ်လို့ သတင်းက ရည်ညွှန်းရေးသားခဲ့တာပါ။
ဓာတ်ပုံ - စီစီတီဗွီ
5 years Ago