တနိုင်းဘုန်းကြီးကျောင်းတွင် ရွှေ့ပြောင်းလုပ်သားများ

June 11, 2017

တနိုင်းဘုန်းကြီးကျောင်းတွင် ရွှေ့ပြောင်းလုပ်သားများ တည်းခိုရန် ကူညီပေးနေ

ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲက ရွှေနဲ့ ပယင်းထုတ်တဲ့မှော်တွေက ရောက်ရှိလာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို တနိုင်းမြို့ မြို့မဘုန်းကြီးကျောင်းမှာ အကူအညီတွေ တည်းခိုဖို့ အကူအညီပေးနေရပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေကို ဘုန်းကြီးကျောင်းမှာ တညတာတည်းခိုစေပြီး မနက်ပိုင်းမှာ နေရပ်ပြန်ဖို့ လူမှုကူညီရေးအဖွဲ့တွေက စီစဉ်ပို့ဆောင်ပေးနေတာ ၅ ရက်ရှိပြီ။ ဘုန်းကြီးကျောင်းကနေ ဇွန် ၆ ရက်နေ့ကတည်းက ကူညီပေးနေတာ ဖြစ်ပြီး စစ်ရှောင် ရွှေ့ပြောင်းလုပ်သားတွေ ၂ ထောင်ကျော်လောက် ရှိနေပြီလို့ မြို့မဘုန်းကြီးကျောင်း လက်ထောက် ဆရာတော် အရှင် အာစိဏက မိန့်ပါတယ်။ စစ်ဘေးရှောင် ရွှေ့ပြောင်းလုပ်သားတွေကို လူမှုကူညီရေးအသင်းတွေက ဒိုက်ဖားရွာမှာလူစုပြီး တနိုင်းမြို့ မြို့မဘုန်းကြီးကြောင်းကို ကားတွေနဲ့ နေ့စဉ်ခေါ်ယူလာတာလို့ ဆိုပါတယ်။   စစ်ဘေးရှောင်တွေဟာ ဒိုက်ဖားရွာကို ကိုယ့်အစီအစဉ်နဲ့ကိုယ် စက်လှေတွေနဲ့ လာရောက်ကြရဖြစ်ပြီး လူမှုကူညီရေးအသင်းတွေက တနိုင်းမြို့ကနေတဆင့် မိမိနေရာဒေသ ကို ထပ်မံပို့ဆောင်နေတာပါ။ ဇွန် လ ၅ ရက်နေ့ က တပ်မတော်က ထုတ်ပြန်ခဲ့တဲ့စာတွေကြောင့် ရွှေမှော် အသီးသီး က ရွှေ့ပြောင်းလုပ်သားတွေဟာ တနိုင်းမြို့မှာရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ နှစ်ခြင်းခရစ်ယာန်RC ဘုရားကျောင်းတွေမှာ ခိုလှုံနေကြပါတယ်။ ဒါပေမယ့် နှစ်ခြင်းဘုရားကျောင်းတွေ ခိုလှုံသူတွေကတော့ ရွှေမှော် ဒေသတွေမှာ အခြေချ နေထိုင်သူ ဒေသခံတွေဖြစ်လို့ ပြန်စရာနေရာမရှိတဲ့အပြင် ကျန်းမာရေး အခက်အခဲလည်း ရှိနေပါတယ်။ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အေ) ဘက်ကလည်း တပ်တော်နဲ့ တနိုင်းဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ည ၇ နာရီကနေ မနက် ၆ နာရီအတွင်း အဲဒီဒေသမှာ ဖြတ်သန်းသွားလာမှုတွေ မလုပ်ဖို့ သတိပေးစာ ထုတ်ပြန်ထားပါတ
4 years Ago
Up