တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်ရှိ အကျဉ်းထောင်တခုမှာ ကိုဗစ်-၁၉ အများအပြားကူးစက်တာနဲ့အတူ ပိုးကူးစက်သူ ၁,၂၄၁ ယောက်တွေ့ရှိတယ်လို့ ဒီဇင်ဘာလ ၂၅ ရက်မှာ အစိုးရက ပြောကြားပါတယ်။
တောင်ကိုရီးယားဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို စစ်ဆေးတာနဲ့ ခြေရာခံတာတွေ တင်းတင်းကျပ်ကျပ်လုပ်ပြီး အစောပိုင်း ရောဂါထိန်းချုပ်ရာမှာ အောင်မြင်ခဲ့ပါတယ်။
ဒါပေမဲ့ မကြာခင်က မြင့်တက်လာတဲ့ ကူးစက်မှုတွေကို ကြိုးပမ်းထိန်းချုပ်နေရပါတယ်။ လူ ၅ ဦးထက် ပိုစုတာကို တားမြစ်တာအပါအဝင် ဒီသီတင်းပတ်အတွင်း တင်းကျပ်တဲ့ စည်းကမ်းချက်တွေ ချမှတ်ခဲ့ပါတယ်။
ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူး ရုံးပိတ်ရက်တွေမှာ ကူးစက်မှု ပျံ့နှံ့တာကို တားမြစ်တဲ့အနေနဲ့ နှင်းလျှောစီးစခန်းတွေနဲ့ ခရီးသွားနေရာတွေကိုလည်း ပိတ်ထားပါတယ်။
တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ်သူ စုစုပေါင်း ၅၄,၇၇၀ နဲ့ သေဆုံးသူ စုစုပေါင်း ၇၇၃- ယောက် ရှိတယ်လို့ ကိုရီးယားရောဂါထိန်းချုပ်ရေးနဲ့ ကြိုတင်ကာကွယ်ရေး အေဂျင်စီက ထုတ်ပြန်ပါတယ်။
2 years Ago