တွေ့ဆုံ

October 15, 2020

ထိုင်းဝန်ကြီးချုပ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အောက်တိုဘာ ၁၅ ရက်က တွေ့ဆုံပါတယ်။ ဝမ်ယိဟာ ထိုင်းနိုင်ငံအပါအဝင် အရှေ့တောင်အာရှခရီးစဉ်အတွင်း တရားဝင် လာရောက် လည်ပတ်တာပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး ကာကွယ်ရေး လူချင်းခွာပြီး ကျင်းပခဲ့တဲ့ အစည်းအဝေးနဲ့ ပတ်သက်ပြီး အသေးစိတ် ဘာမှ မထုတ်ပြန်ပါဘူး။  ဒီနေ့မနက် ၄ နာရီကမှ အသက်ဝင်တဲ့ အရေးပေါ် ဒီဂရီအမိန့်အပြီး နာရီပိုင်းအတွင်း ဆန္ဒပြသူတွေရဲ့ သပိတ်စခန်းတွေကို ရှင်းလင်းခဲ့တဲ့ အစိုးရအိမ်တော်မှာ အစည်းအဝေးကို ကျင်းပတာပါ။  စစ်အာဏာသိမ်း ခေါင်းဆောင်ဟောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်ကိုချာနဲ့ ဘုရင် မဟာ ဝဂျီရာလောင်ကွန်ကို ပစ်မှတ်ထားပြီး ဆန္ဒပြနေတာ ၃လကျော် ကြာအပြီး ဒီကနေ့မှာတော့ ဆန္ဒပြ ခေါင်းဆောင် ၃ ယောက်ထက်မနည်း အဖမ်းခံထားရပါတယ်။ အစိုးရကလည်း ဆန္ဒပြပွဲတွေနဲ့ အတိမ်းအစောင်း မခံတဲ့သတင်းတွေ ထုတ်လွှင့်မှုကို အရေးပေါ်အမိန့်နဲ့ တားမြစ်ပိတ်ပင်ထားပါတယ်။ 
8 months Ago

October 11, 2020

ပြင်သစ်အိုးပင်း ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်နှင့် လက်ရှိချန်ပီယံ ရာဖေးလ်နာဒယ်လ်တို့ တွေ့ဆုံ

ပြင်သစ်အိုးပင်း ဗိုလ်လုပွဲမှာ နာမည်ပြီး ဗြိတိန်တင်းနစ်ကစားသမား ဂျိုကိုဗစ်နဲ့ လက်ရှိချန်ပီယံ ရာဖေးလ်နာဒယ်လ်တို့ တွေ့ဆုံပါတယ်။ ဗြိတိန်တင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ အောက်တိုဘာ ၉ ရက်က ကစားခဲ့တဲ့ ပြင်သစ်အိုးပင်း ဆီမီးဖိုင်နယ်မှာ ဂရိက စတီဖန်နော့စ်ကို အကြိတ်အနယ်ကစားပြီး ၆-၃ ၆-၂ ၅-၇ ၄-၆ ၆-၁ နဲ့ အနိုင်ရခဲ့တာပါ။  ဗိုလ်လုပွဲမှာတော့ အာဂျင်တီးနားက ရှဝက်ဇ်မန်းကို  ၃ ပွဲပြတ်နဲ့ အနိုင်ယူခဲ့တဲ့ လက်ရှိချန်ပီယံ ရာဖေးလ်နာဒယ်လ်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။  မြေစေးကွင်းမှာ ရာဖေးလ်နာဒယ်လ်ကို အသာမရခဲ့ပေမယ့် အခုနှစ် ဗိုလ်လုပွဲမှာ အနိုင်ယူနိုင်ဖို့ ဂျိူကိုဗစ်က မျှော်လင့်နေပါတယ်။  နာဒယ်နဲ့ ဂျိုကိုဗစ်တို့ဟာ သမိုင်းတလျှောက် ၅၅ ကြိမ်တွေ့ဆုံခဲ့ဖူးပြီး ဂျိုကိုဗစ်က ၂၉ ပွဲနိုင်ပြီး ၂၆ ပွဲရှုံးခဲ့ပါတယ်။  ဂရင်းစလင်းပြိုင်ပွဲတွေမှာတော့ ၁၅ ကြိမ်တွေ့ဆုံဖူးပြီး နာဒယ်လ်က ၉ ကြိမ်အထိ အနိုင်ရခဲ့ဖူး တာပါ။  မြေစေးကွင်းမှာဆိုရင်လည်း နာဒယ်လ်က ၂၄ ပွဲမှာ ၁၇ ပွဲအထိအနိုင်ရခဲ့တာကြောင့် ပြင်သစ် အိုးပင်းလို မြေစေးကွင်းမှာ ကစားရမယ့် ကွင်းမှာ နာဒယ်လ်က အစဉ်အလာအရ အသာစီးရနေတာပါ။  အစဉ်အလာအရ မြေစေးကွင်းမှာ နာဒယ်က နိုင်ပွဲများခဲ့တာ မှန်ပေမယ့် အခုနှစ်ပြိုင်ပွဲမှာ တော့ အစဉ်အလာတွေထက် လက်ရှိစွမ်းဆောင်ရည်ကသာ အဆုံးအဖြတ်ပေးမှာဖြစ်ပြီး ဘယ်လို ချဉ်းကပ်ကစားရမလဲဆိုတာ နှစ်ဦးစလုံး သိရှိကြပြီးသားဖြစ်တယ်လို့ ဂျိုကိုဗစ်က ပြောပါတယ်။  ဂရင်းစလင်းပြိုင်ပွဲတွေမှာတော့ ဆားဘီးယားသား ဂျိုကိုဗစ်က ၁၇ ကြိမ် ဗိုလ်စွဲထားပြီး စပိန်သား ရာဖေးလ်နာဒယ်လ်က ၁၉ ကြိမ်အထိ ဗိုလ်စွဲထားပါတယ်။ 
9 months Ago
More News
Up