တွမ်ဟန့်ခ်နဲ့ ဇနီ

A d v e r t i s e m e n t With Us

April 23, 2020

COVID-19 ကာကွယ်ဆေးသုတေသနအတွက် မင်းသားကြီးတွမ်ဟန့်ခ်ဇနီးမောင်နှံ သွေးလှူ

COVID-19 ဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်လုပ်ရာမှာ အသုံးပြုဖို့အတွက် ဟောလိဝုဒ်စတား မင်းသားကြီး တွမ်ဟန့်ခ်နဲ့ ဇနီးဖြစ်သူတို့ရဲ့ သွေးကို အသုံးပြုနိုင်ဖို့ လှူဒါန်း လိုက်ပါတယ်။ မင်းသားကြီး ဇနီးမောင်နှံရဲ့ လှူဒါန်းမှုဟာ ကမ္ဘာအနှံ့ လူပေါင်း ၂ သန်းခွဲကျော်ကို ကူးစက်ခံခဲ့ရတဲ့ ဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်လုပ်ဖို့ သုတေသနပြုလုပ်နေတဲ့ နယူး ဇီလန်ဆေးသိပ္ပံအဖွဲ့ဆီ လှူဒါန်းခဲ့တာဖြစ်ပါတယ်။ အသက် ၆၃ နှစ်အရွယ် မင်းသားကြီးနဲ့ ဇနီးဖြစ်သူတို့ဟာ ပြီးခဲ့တဲ့ မတ်လလယ် လောက်တုန်းက ဩစတေးလျနိုင်ငံကို ရုပ်ရှင်ရိုက်ကူးရေးတခုနဲ့ ရောက်ရှိနေချိန်မှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီးနောက်မှာမှ ပြန်လည်ပျောက်ကင်းသက်သာလာခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သိပ္ပံပညာရှင်တွေဟာ ဗိုင်းရပ်စ် ကာကွယ်ဆေးတွေ ဖော် ထုတ်နိုင်ဖို့ ရောဂါကူးစက်ခံရပြီး ပြန်ကောင်းလာသူတွေရဲ့ သွေးရည်ကြည်ထဲမှာ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်နိုင်တဲ့ ပဋိပစ္စည်းပါဝင်မှုနဲ့ ကာကွယ်ကုသမှုမှာ အသုံးဝင်မယ့် နည်းလမ်းတွေကို ရှာဖွေနေကြတာ ဖြစ်ပါတယ်။
10 months Ago

March 12, 2020

ဟောလိဝုဒ်မင်းသားကြီး တွမ်ဟန့်ခ်ဇနီးမောင်နှံ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ဟောလိဝုဒ်စတား သရုပ်ဆောင်မင်းသား တွမ်ဟန့်ခ်နဲ့ ဇနီးဖြစ်သူ သရုပ်ဆောင် မင်းသမီး ရီတာဝီလ်ဆန်တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။ အသက် ၆၃ နှစ်အရွယ် အော်စကာဆုရှင် မင်းသားဇနီးမောင်နှံဟာ ဩစတေးလျနိုင်ငံကို ရုပ်ရှင်ရိုက်ကူးရေးတခုနဲ့ ရောက်ရှိနေချိန်မှာ ခုလိုဖြစ်ခဲ့တာလို့ ဂါးဒီးယန်းသတင်းမှာ ဖော်ပြပါတယ်။ မင်းသားက သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရမှုနဲ့ ပတ်သက်ပြီး ဖျားနာ၊ အအေးမိချင်သလိုဖြစ်လာတဲ့အတွက် ဆေးစစ်မှုပြုလုပ်ခဲ့ချိန် သူတို့မှာ ရောဂါ Positive အဖြေ ဖြစ်နေခဲ့တယ်လို့ ရေးသားဖော်ပြလိုက်တာပါ။ “ဟုတ်ပြီ၊ ဒါဆို ဘာဆက်လုပ်ရမလဲ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေဆီက ညွှန်ကြားချက်တွေအတိုင်း လိုက်နာရမယ့် အရာတွေ ရှိပါတယ်။ ကျနော်တို့ စစ်ဆေးတယ်၊ တွေ့တယ်၊ စိတ်ချရတဲ့အခြေအနေအထိ သီးခြားနေရပါမယ်” တွမ်ဟန့်ခ်ဟာ အဲလ်ဗစ်စ်ပရက်စလေအကြောင်း ရိုက်ကူးမယ့်  ရုပ်ရှင်ရိုက်ကူးရေးအတွက် ဩစတေးလျနိုင်ငံကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ပရက်စလေရဲ့ မန်နေဂျာ တွမ်ပါ့ကား နေရာက ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ နာမည်ကျော် Warnar Bros. ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်တဲ့ ဒီကားရဲ့ ရိုက်ကူးရေးကို လာမယ့် တနင်္လာနေ့မှာ စတင်မှာဖြစ်ပြီး ခုလောလောဆယ်မှာတော့ ရွှေ့ဆိုင်းရဖွယ် ရှိနေပါတယ်။  
12 months Ago
Up