တွားသွားသတ္တဝါ မှောင်ခိုကုန်ကူးသူ ဂျပန် ၂ ဦးကို အိန္ဒိယရဲ ဖမ်းဆီး (ရုပ်သံ)

July 24, 2015

အိန္ဒိယ စာသင်ကျောင်းတခုတွင် ကျားသစ် ၀င်ရောက်သောင်းကျန်း (ရုပ်သံ)

အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတကာပြည်နယ်မှာ ဇူလိုင် ၂၃ ရက်နေ့က စာသင်ကျောင်းတခုထဲ ကျားသစ်တကောင် ၀င်ရောက်သောင်းကျန်းခဲ့လို့ ကျောင်းသူကျောင်းသားတွေနဲ့ ဒေသခံတွေ စိုးရိမ်အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။ ကျားသစ်ဝင်နေတဲ့ အခန်းတံခါးကို အတင်းပိတ်ဖို့ ကြိုးစားခဲ့သူတဦး လက်မှာ ဒဏ်ရာရရှိခဲ့ပါတယ်။ အခင်းဖြစ်ဖြစ်ချင်း ဒေသခံရဲတပ်ဖွဲ့ဝင်တွေ ကျောင်းကိုရောက်လာကြပြီး ကျောင်းကိုလည်း ပိတ်လိုက်ရပါတယ်။ ကျားသစ်ကို မေ့ဆေးသေနတ်နဲ့ပစ်ပြီး ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ဆိုခဲ့ကြပါတယ်။
6 years Ago

July 2, 2015

မွေးကင်းစကလေးကို ခိုးယူပြီးမှ တောင်းပန်စာဖြင့် ပြန်ပေး

အိန္ဒိယနိုင်ငံ ရာဂျာစသန်ပြည်နယ် အနောက်တောင်ပိုင်း အူဒိုက်ပါမြို့က အမ်ဘီအထွေထွေဆေးရုံမှာ မွေးကင်းစ ကလေးတဦးကို အမျိုးသမီးတဦးက ခိုးယူခဲ့ပြီး ၂၄ နာရီမှာ တောင်းပန်စာနဲ့အတူ ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ဇွန် ၂၉ ရက် ကလေးမွေးပြီးပြီးချင်း ပျောက်ဆုံးသွားခဲ့တာ ဖြစ်သလို ဇွန် ၃၀ ရက်မှာ  ဆေးရုံအနီးက ဘုရားကျောင်း လှေကားထစ်တွေပေါ်မှာ စာတစောင်နဲ့အတူ တွေ့ရှိခဲ့တယ်လို့ ဟိန္ဒူတိုင်းမ်သတင်းစာမှာ ဖော်ပြပါတယ်။ [caption id="attachment_100547" align="alignright" width="300"]PAY-Stolen-newborn-baby023 ဓာတ်ပုံ - mirror.co.uk[/caption] စာထဲမှာ “ကျေးဇူးပြုပြီး ကလေးကို ကလေးထိန်းဌာနကို ပြန်ပို့ပေးပါ။” လို့ ရေးထားပါတယ်။ ကလေးငယ်ဟာ အထူးကြပ်မတ်ကုသဆောင်မှာ စမ်းသပ်စစ်ဆေးမှုတွေ လုပ်နေပေမယ့် ကျန်းမာနေတယ်လို့ ဆိုပါတယ်။ သက်လတ်ပိုင်း အမျိုးသမီးတဦးက ကလေးထိန်းဌာနကနေ ကလေးငယ်ကို အလစ်သုတ်ခိုးယူခဲ့တာကို ဆေးရုံက စီစီတီဗွီမှာ တွေ့မြင်ရပါတယ်။ ကလေးမိခင်က ကလေးခိုးယူသွားတဲ့ အမျိုးသမီးနဲ့ အစောပိုင်းက စကားအနည်းငယ် ပြောဆိုခဲ့တယ်လို့ ရဲတွေကိုပြောပါတယ်။ ဆရာဝန်တွေက သူ ကလေးကို အလစ်သုတ် ခိုးယူနေတာကို သတိပြုမိချိန်မှာတော့ သူက ကလေးကို သူ့မိခင်ဆီ နို့တိုက်ဖို့ ခေါ်သွားပေးတာလို့ ပြောခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ မွေးကင်းစကလေးငယ်ကို ဘေးကင်းစေဖို့ ၀န်ထမ်းတွေဟာ ရဲတွေအကူအညီနဲ့ ကြိုးစားရှာဖွေခဲ့ကြပါတယ်။ ရဲတွေအနေနဲ့ အဲဒီအမျိုးသမီး ဘယ်သူဖြစ်တယ်ဆိုတာကို ကြိုးစားရှာဖွေနေပြီး ဒေသတွင်းမှာပဲ နေထိုင်မယ်လို့ သူတို့က ယူဆနေတာပါ။
6 years Ago
Up