တွမ်ခရုစ်

July 24, 2018

တွမ်ခရုစ် ပါဝင်သည့် အက်ရှင်စွန့်စားမှု စပိုင်ရုပ်ရှင်ကား Mission:Impossible 6 (နမူနာ)

အက်ရှင်စွန့်စားမှု စပိုင်ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့စေမယ့် မင်းသား တွမ်ခရုစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Mission: Impossible - Fallout ရုပ်ရှင်ကားကို လာမယ့်ဇူလိုင် ၂၇ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားဟာ Mission: Impossible Movie Series တွေရဲ့ ၆ ကားမြောက် ထွက်ရှိလာခဲ့တာဖြစ်ပြီး အမေရိကန် ရုပ်ရှင်ဒါရိုက်တာ ခရစ္စတိုဖာမက်ကွာရီက ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ နာမည်ကြီးမင်းသား တွမ်ခရုစ်ကို Impossible Missions Force (IMF) ရဲ့ အေးဂျင့်တဦးအဖြစ် ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ မှားယွင်းခဲ့တဲ့ မစ်ရှင်တခုနောက်ကို IMF Team Member တွေ၊ မဟာမိတ်တွေနဲ့အတူ စွန့်စွန့်စားစားလိုက်ရတဲ့ အခြေအနေတွေကို အပစ်အခတ် အက်ရှင်ဆန်ဆန် ပြကွက်တွေနဲ့ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မင်းသား Tom Cruise နဲ့အတူ ဗြိတိန်မင်းသား ဟင်နရီကဗီးလ်၊ ဆိုင်မွန်ပက်ဂ်၊ ဆွီဒင်မင်းသမီး ရေဗက္ကဖာဂူဆန်တို့က အတွဲညီညီ ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို ၁ နှစ်လောက် အချိန်ယူရိုက်ကူးခဲ့ရတာဖြစ်ပြီး ပဲရစ်၊ အင်္ဂလန်၊ နယူးဇီလန်၊ နော်ဝေနဲ့ ယူအေအီးနိုင်ငံတွေမှာ ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၄၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာလည်း Rate 9.3 ထိ ရရှိထားတာဖြစ်ပါတယ်။
3 years Ago
Up