တွန်ဂါ

February 13, 2018

တွန်ဂါကျွန်းနိုင်ငံတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် အဆောက်အဦများ ပျက်စီး

တောင်ပစိဖိတ်သမုဒ္ဒရာထဲက တွန်ဂါကျွန်းနိုင်ငံကို ဆိုင်ကလုန်းမုန်တိုင်း ဂီတာ ဝင်ရောက်တိုက်ခတ်တာကြောင့် မြို့တော် နူကူအလိုဖာမှာ လွှတ်တော်အပါအဝင် အဆောက်အအုံ တော်တော်များများ ပျက်စီးခဲ့ပါတယ်။ ဆိုင်ကလုန်း ဂီတာဟာ အားပြင်းမုန်တိုင်းအဖြစ် ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းမှာ တွန်ဂါကို ဝင်တိုက်ခဲ့တာပါ။ မုန်တိုင်းကြောင့် ရေကြီးမှုဖြစ်နေပြီး မြို့တော်ရှိ လူပေါင်း ၂၄၅၀၀ ရဲ့ နေအိမ် ၄၀ ရာခိုင်နှုန်းနီးပါး ပျက်စီးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဒါ့အပြင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးတဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့လို့ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးစနစ်တွေ နေရာတော်တော်များများမှာ ပြတ်တောက်နေပါတယ်။ တွန်ဂါ အရေးပေါ်အခြေအနေ အကူအညီပေးရေး အဖွဲ့တွေကတော့ လမ်းတွေကို ပြန်ဖွင့်နိုင်ဖို့နဲ့ လိုအပ်တဲ့အကူအညီတွေ ပေးနိုင်ဖို့ ပျက်စီးမှုပမာဏကို လေ့လာနေပါပြီ။ လက်ရှိမှာ မုန်တိုင်းဟာ ဖီဂျီနိုင်ငံ တောင်ပိုင်းကျွန်းစုတွေဆီ ဦးတည် ရွေ့လျားနေပါတယ်။
4 years Ago
Up