တွင်းထွက်သယံဇာတပေးဆောင်ခွန်

January 8, 2016

တွင်းထွက်သယံဇာတပေးဆောင်ခွန်နှင့် အစိုးရဌာန ရရှိငွေ ကျပ်သန်းပေါင်း ၁၆၀ နီးပါး ကွာဟ

မြန်မာနိုင်ငံမှာ တူးဖော်လုပ်ကိုင်နေတဲ့ တွင်းထွက်သယံဇာတ ကုမ္ပဏီတွေက ပေးဆောင်နေတဲ့ အခွန်အခတွေနဲ့ အစိုးရဌာနက ရရှိငွေဟာ ကျပ်သန်းပေါင်း ၁၆၀ နီးပါးကွာဟနေတယ်လို့ EITI အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကုမ္ပဏီ ၁၃ ခု၊ ကျောက်မျက် ကုမ္ပဏီ ၃၀ နဲ့ အခြားသတ္တု ကုမ္ပဏီပေါင်း ၁၄ ခုတို့က ပေးဆောင်တဲ့ အခွန်အခတွေနဲ့ နိုင်ငံတော် ကောက်ခံရရှိမှု ရှိမရှိကို တိုက်ဆိုင်စစ်ဆေးခဲ့ တဲ့အခါ အခုကွာဟမှုကို တွေ့ ခဲ့တာပါ။ အစီရင်ခံစာထဲမှာ အစိုးရရဲ့ အဓိက ၀င်ငွေ ဖြစ်တဲ့ ရေနံနဲ့ ဓာတ်ငွေ ကုမ္ပဏီ ၁၃ ခု ကျောက်မျက်ကုမ္ပဏီ ၃၀ နဲ့ သတ္တုတူးဖော်ရေး ကုမ္ပဏီ ၁၁ ခုနှစ်တို့နဲ့ ဆိုင်တဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် သတ္တုတွင်း၊ စွမ်းအင်၊ ဘဏ္ဍာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော် ၀န်ကြီးဌာနတို့ရဲ့ အချက်အလက်တွေလည်း ပါဝင်ပါတယ်။ ဒီအစီရင်ခံစာဟာ ၂၀၁၄ ဇူလိုင်လမှာ EITI အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ပြီးနောက် ပထမဆုံးလည်း ဖြစ်ပါတယ်။
7 years Ago
Up