အမေရိကန်နိုင်ငံ၊ ယူတားပြည်နယ်၊ ကော်တွန်ဝုဒ်ဟိုက်ဒ်စ်မြို့က မိုက်ခ်ရှယူးယားစ် ဆိုသူ အမျိုးသားဟာ အမှိုက်ရှင်းလင်းဖို့ တံမြက်စည်းအစား မောင်းသူမဲ့ ဒရုန်းယာဉ်ကို အသုံးပြုပြီး လှည်းကျင်းခဲ့တယ်လို့ ယူပီအိုင်သတင်းမှာ အောက်တိုဘာ ၂၆ ရက်နေ့က ဖော်ပြပါတယ်။
မိုက်ခ်ရှယူးယားစ်ဟာ သူ့အိမ်ရှေ့ ပေါ်တီကိုမှာ သစ်ရွက်ခြောက်တွေကို တံမြက်စည်းနဲ့ စတင်လှည်းကျင်းခဲ့တာဖြစ်ပြီး အဆင်မပြေခဲ့တဲ့အတွက် ဒရုန်းယာဉ် အသုံးပြုခဲ့ချိန်မှာ အလုပ်ပိုမိုအဆင်ပြေ လွယ်ကူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
သူဟာ အဲဒီဗွီဒီယိုင်ကို ယူကျုစာမျက်နှာပေါ်မှာတင်ခဲ့ပြီး “ကျနော် ဒီမနက်က အမှိုက်ရှင်းရင်းနဲ့ တံမြက်စည်းကနေတဆင့် အကြံသစ် အတွေ့အကြုံသစ်တခု ရရှိခဲ့တယ်” လို့ ရေးခဲ့တာပါ။
ရုပ်သံ - ယူပီအိုင်
5 years Ago