တုံ့ပြန်အနမ်းပေးခဲ့ကြသည့် နှင်းဇီးကွက်နှင့် စွပ်ဖားခွေးကလေးတို့၏ ချစ်စဖွယ်ရုပ်သံ ရေပန်းစား

March 2, 2017

တုံ့ပြန်အနမ်းပေးခဲ့ကြသည့် နှင်းဇီးကွက်နှင့် စွပ်ဖားခွေးကလေးတို့၏ ချစ်စဖွယ်ရုပ်သံ ရေပန်းစား

လူတွေတင်မှမဟုတ်ဘဲ တိရစ္ဆာန်တွေကြားက ချစ်ခြင်းမေတ္တာတရားဟာလည်း ထူးဆန်းလှပါတယ်။ ပုံစံတူ သဘာဝတူချင်းမဟုတ်ဘဲ ဆန့်ကျင်နေတဲ့ မျိုးစိတ် ၂ ခုဟာ တကယ်တော့ ဘယ်လိုမှ ပေါင်းစပ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာတရားဆိုတာ မတူညီမှုတွေကြားကလည်း ဖြစ်ပေါ်လာနိုင်တယ်ဆိုတာ ဒီ နှင်းဇီးကွက်ကလေးနဲ့ စွပ်ဖားခွေးကလေးတကောင်ရဲ့ ချစ်ခြင်းမေတ္တာက သက်သေပြလိုက်ပါပြီ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ချစ်စရာကောင်းတဲ့ စွပ်ဖားခွေးကလေးဟာ နှင်းဇီးကွက်ကလေးရဲ့ အနားကို တိုးကပ်လာခဲ့ပြီး လျှာနဲ့သပ် အနမ်းပေးခဲ့တာကို တွေ့ရပါတယ်။ ဇီးကွက်ကလေးကလည်း ဒါကို ငြိမ်ခံနေခဲ့ကာ တုံ့ပြန်အနမ်းပေးခဲ့တာဟာ ကြည်နူးစရာ ကောင်းလှပါတယ်။
5 years Ago
Up