တံတိုင်း

A d v e r t i s e m e n t With Us

June 30, 2019

အိန္ဒိယတွင် တံတိုင်းပြိုကျသဖြင့် ၁၅ ဦး သေဆုံး

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ် ပူနစ်မြို့မှာ ဇွန်လ ၂၉ ရက်နေ့က ပေ ၆၀ ရှည်တဲ့ အုတ်တံတိုင်း ပြိုကျခဲ့တာကြောင့် ကလေး  ၄ ယောက် အပါအ၀င် ၁၅ ယောက် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ လူ ၂ ယောက်၊ ၃ ယောက်လောက် ပိတ်မိနေဆဲဖြစ်ပြီး ကယ်ဆယ်ရေး လုပ်နေပြီး  ဒဏ်ရာရသူ အရေအတွက်ကို အတည်မပြုနိုင်သေးပါဘူး။ မိုးဆက်တိုက်ရွာပြိးနောက်  ခေါင်ဒ၀ါရပ်ကွက်အနီးက တံတိုင်းဟာ အနီး တဲစုရပ်ကွက်ပေါ် ပြိုကျခဲ့တာဖြစ်ပါတယ်။ အဲဒီတဲစု ရပ်ကွက်ဟာ အနီး ဆောက်လုပ်ငန်းခွင်မှာ လုပ်ကြတဲ့  အလုပ်သမားတွေအတွက် ဆောက်ထားတာလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ပူနစ်မြို့ ရဲမင်းကြီးက စုံစမ်းစစ်ဆေးတာတွေ လုပ်နေပြိး တံတိုင်းပြိုကျမှုအတွက်  တာဝန်ရှိသူကို အရေးယူသွားမယ်လို့ ပြောပါတယ်။
2 years Ago
Up