တံတားဦး သပိတ်စစ်ကြောင်း

March 10, 2021

တံတားဦး သပိတ်စစ်ကြောင်းကို စစ်တပ်နှင့်ရဲ ပစ်ခတ်ဖြိုခွင်း၊ အများအပြား ဒဏ်ရာရ

မန္တလေးတိုင်း တံတားဦးမြို့မှာ စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက မျက်ရည်ယိုဗုံး၊ မီးခိုးဗုံး၊ ရာဘာကျည်တွေနဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုကြောင့် အများအပြား ဒဏ်ရာရှိတယ်လို့ သိရပါတယ်။

ပြည်သူတွေနဲ့ သံဃာတော်တွေ၊ ကျောင်းသား/ ကျောင်းသူတွေ၊ ပြည်သူ့ဝန်ထမ်း တစ်ထောင်နီးပါးက စစ်အာဏာရှင်ကို အလိုမရှိကြောင်း တံတားဦးမြို့အတွင်း လှည့်လည် သပိတ်မှောက်နေချိန်မှာ လုံခြုံရေးအင်အား အလုံးအရင်းနဲ့ ပစ်ခပ်ဖြိုခွင်းခဲ့တာလို့ ဆန္ဒပြသူတဦးက ပြောပါတယ်။

9 months Ago
Up