တံတားဦးမြို့နယ်

October 1, 2021

တံတားဦးမြို့နယ်တွင် မိုင်တဲလ်တာဝါတိုင် မိုင်းခွဲခံရ

မန္တလေးတိုင်း တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ အနီးရှိ စစ်ကောင်စီထောက်တိုင် ဖြစ်တဲ့ မိုင်တဲလ်တာဝါတိုင်တစ်ခု အောက်တိုဘာလ ၁ ရက် မွန်းတည့် ၁၂ နာရီလောက်က မိုင်းခွဲဖျက်ဆီးခံလိုက်ရပါတယ်။

တာဝါတိုင်ကို နှစ်ဆင့်ကာထားတဲ့ ဝါးထရံ၊ သံဇကာတွေကို မီးရှို့ဖျက်ဆီးပြီး စက်ပုံးတွေကို မိုင်းခွဲဖျက်ဆီးခဲ့လာလို့ တံတားဦးပြည်သူ့ကာကွယ်ရေး (TPDF) က ထုတ်ပြန်ထားပါတယ်။

တံတားဦး ပြည်သူ့ကာကွယ်ရေးတပ် (TPDF) ဟာ ပြည်သူတွေအတွက် ရရာလက်နက် ဆွဲကိုင်ပြီး စစ်အာဏာရှင်စနစ်ဆိုးပျက်သုဉ်းသွားတဲ့ထိ တိုက်ပွဲဝင်သွားမယ်လို့ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

မိုင်တဲလ်တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရပြီး မကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်တွေ ရောက်လာပြီး စစ်ဆေးသွားတယ်လို့ သိရပါတယ်။

2 months Ago

September 22, 2021

တံတားဦးမြို့နယ် မြင်းသည်ရွာအနီးက MyTel တာဝါတိုင် မိုင်းဆွဲဖောက်ခွဲခံရ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် မြင်းသည်ရွာအနီးက MyTel တာဝါတိုင် စက်တင်ဘာ ၂၂ ရက် ဒီမနက် ၁၀ နာရီခွဲလောက်က မိုင်းဆွဲဖောက်ခွဲခံခဲ့ရပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ စစ်ခေါင်းဆောင် မိသားစုစီးပွားရေး  ဒေါက်တိုင် အစိတ်အပိုင်းဖြစ်တဲ့ MyTel တာဝါတိုင်ကို မိုင်းဆွဲခဲ့တာဟာ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) ကလို့ သိရပါတယ်။

အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) ဟာ အာဏာရှင်စနစ်ရဲ့ ဒေါက်တိုင်တွေနဲ့ သတင်းပေးဒလန်တွေ ရှင်းလင်းနေတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။

2 months Ago
More News
Up