တံတားသစ်

August 4, 2020

ပြိုကျခဲ့သည့် ဂျီနိုအာတံတားနေရာတွင် တံတားသစ်ကို အီတလီဝန်ကြီးချုပ်ဖွင့်လှစ်

အီတလီနိုင်ငံမှာ လူ ၄၃ ယောက် သေဆုံးခဲ့တဲ့ ဂျီနိုအာတံတား ပြိုကျပြီး ၂ နှစ်အကြာ သြဂုတ်လ ၃ ရက်က ဂျီနိုအာတံတားသစ်ကို တရားဝင် ဖွင့်လှစ်လိုက်ပါတယ်။ ဆယ်စုနှစ်တွေအတွင်း အီတလီနိုင်ငံရဲ့ အဆိုးရွားဆုံး မတော်တဆမှုကြီးတွေထဲက တခုဖြစ်ခဲ့တဲ့ ဂျီနိုအာတံတား ပြိုကျခဲ့ရာနေရာမှာ နာမည်ကျော် ဗိသုကာပညာရှင် ရန်ဇိုပီယာနို ဒီဇိုင်းထုတ်ခဲ့တဲ့ တံတားသစ်က နေရာယူလိုက်ပါပြီ။ ဂျီနိုဗာဆန် ဂျော်ဂျီအို တံတားသစ်ကို ဝန်ကြီးချုပ် ဂျူဆပ်ပစ်ကွန်တေနဲ့ ဂျီနိုအာ မြို့တော်ဝန် မာကိုဘူချီတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ တံတားပြိုကျမှုမှာ သေဆုံးခဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အီတလီလေတပ် လေယာဉ်တွေက တံတားပေါ်မှာ အုပ်ဖွဲ့ပျံသန်းပြီး ကောင်းကင်ယံမှာ အီတလီနိုင်ငံအလံ ဆေးရောင်တွေကို  ခြယ်သခဲ့ပါတယ်။  တံတားသစ် ဒီဇိုင်းပညာရှင် ပီယာနိုကလည်း “ဒီတံတားက ကြေကွဲဝမ်းနည်းမှုကနေ မွေးဖွားလာတာမို့ ကြေကွဲဝမ်းနည်းမှုတွေကို မေ့ပျောက်မရနိုင်ဘူး”လို့ ပြောဆိုသွားတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
1 year Ago

December 15, 2019

ဖားကန့်တွင် ကိုယ်ထူကိုယ်ထတံတား ဖျက်ခိုင်းပြီး တံတားသစ်ဆောက်မည့်အပေါ် ဒေသခံများ ကန့်ကွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု နတ်နားလိုင်းကျေးရွာက ရွာသူရွာသားတွေရဲ့ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားတဲ့ တံတားကို ဖားကန့်မြို့နယ် စည်ပင်သာယာက ဖျက်သိမ်းခိုင်းပြီး တံတားသစ် တည်ဆောက်မယ့်အပေါ် ရွာသားတွေက ကန့်ကွက်ခဲ့ကြပါတယ်။ ဒီတံတားဟာ ဥရုချောင်းကို ဖြတ်ပြီး နတ်နားလိုင်းကျေးရွာနဲ့ တာမခန်ကျေးရွာကို ဆက်သွယ်ထားတဲ့ တံတား ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်ကတည်းက မိုးရာသီကုန်တိုင်း မည်သူမဆို အခမဲ့ ဖြတ်သန်းသွားလာဖို့အတွက် နတ်နားလိုင်းရွာသားတွေက နှစ်စဉ်နှစ်တိုင်း ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့ကြတာလို့ နတ်နားလိုင်းရွာသားတွေက ပြောပါတယ်။ အခုအခါမှာ ဖားကန့်မြို့နယ် စည်ပင်သာယာနဲ့ နတ်နားလိုင်းကျေးရွာအုပ်ချုပ်ရေးမှူးတို့က ရွာသားတွေကို အသိမပေးဘဲ ဖြတ်သန်းခ ကောက်ခံမယ့် လေလံတံတား ဆောက်လုပ်ခွင့် ပေးခဲ့တာကြောင့် ရွာသားတွေက ကန့်ကွက်ခဲ့ကြတာပါ။ ရွာသားတွေ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့တဲ့ တံတားဟာ မည်သူမဆို အခမဲ့ ဖြတ်သန်းခဲ့ရပေမယ့် စည်ပင်သာယာခွင့်ပြုမိန့်နဲ့ လေလံချပေးတဲ့ တံတားဟာ ငွေကြေးကောက်ခံမှုတွေ ရှိလာမှာ ဖြစ်တာကြောင့် ရွာသူရွာသားတွေက ကန့်ကွက်နေကြတာပါ။ ရွာသားတွေဟာ သူတို့ကျေးရွာအတွက် မလိုအပ်ဘဲ၊ ရွာသားတွေကို အသိပေးခြင်းလည်း မရှိဘဲ လေလံတံတား လာရောက်ဆောင်လုပ်တာကို လက်မခံကြဘဲ ဆောက်လုပ်ထားတဲ့ ကိုယ်ထူကိုယ်ထ တံတားကနေပဲ အခမဲ့ ဖြတ်သန်းသွားလာလိုကြတယ်လို့ ပြောဆိုနေကြပါတယ်။ ဇော်မိုးထက်
2 years Ago
Up