တံတားတစင်း ပြိုကျ

October 8, 2020

ပြင်သစ်၌ ရေကြီးစဉ် တံတားတစင်း ပြိုကျပြီး ပေါက်ကွဲမှုဖြစ်သည့်ရုပ်သံ ထွက်ပေါ်

ပြင်သစ်နိုင်ငံတောင်ပိုင်းက စိန့်မာတင်ဗေဆူဘေးမြို့မှာ အောက်တိုဘာ ၂ ရက်နေ့က ရေကြီးနေတုန်း တံတားတစင်းက လျှပ်စစ်ဓာတ်ကြိုးဖြစ်ပုံရတဲ့ ကြိုးတန်းပေါ် ပြိုကျခဲ့လို့ အသေးစားပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ ရုပ်သံဖိုင် ထွက်ပေါ်လာပါတယ်။  ဒီဖြစ်ရပ်ကို ဝါသနာရှင် တယောက်က ရုပ်သံရိုက်ကူးထားခဲ့တာဖြစ်ပြီး တံတားရှိတဲ့ နေရာက တံတားကျိုးကျပြီး မီးလောင်းကာ မီးခိုးတွေ ထွက်လာတာကိုလည်း ရုပ်သံမှာ မြင်ရပါတယ်။ သီတင်းပတ်ကုန်ရက်က အဲလက်စ်မုန်တိုင်း တိုက်ခတ်လို့ ရာစုနှစ်တခုကျော်အတွင်း အဆိုးဆုံး ရေဘေးသင့်ခဲ့တယ်လို့ နီးစ်မြို့ရဲ့မြို့တော်ဝန်က ပြောပါတယ်။  မြို့ဝန်းကျင်က ရွာအတော်များများ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးခဲ့ပြီ ရေဘေးကြောင့် လူ ၄ ယောက် သေဆုံးကာ ၁၈ယောက် ပျောက်နေတယ်လို့ အာဏာပိုင်တွေက ဒီအပတ်ထဲမှာ ပြောပါတယ်။  အောက်တိုဘာ ၃ ရက်က ရွာတဲ့ မိုးရေချိန်ဟာ စိန့်မာတင် ဗေဆူဘေးမြို့မှာ ၂၄ နာရီအတွင်း လက်မ ၂၀ နီးပါး ရွာခဲ့ပြီး တခြားမြို့တွေမှာတော့ ၁၆ လက်မနီးပါး ရွာခဲ့လို့ အရင်နှစ် ခုလိုအချိန်မှာ ရွာတဲ့ ၃ လစာ မိုးရေချိန်နဲ့ ညီမျှတယ်လို့ ပြင်သစ်မိုးလေဝသဌာနက မှတ်တမ်းတင်ခဲ့ပါတယ်။ 
7 months Ago
Up