မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
တံခွန်တိုင်ပွဲတော်
Home
တံခွန်တိုင်ပွဲတော်
A
d
v
e
r
t
i
s
e
m
e
n
t
With Us
April 5, 2020
718
လွိုင်ကော်တွင် ကယားရိုးရာ တံခွန်တိုင်ပွဲတော် အကျဉ်းချုံးကျင်းပ
ကယားရိုးရာ ကေ့ထျှိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို ကယားပြည်နယ်၊ လွိုင်ကော်မြို့ ချိကယ်တိုက်နယ်၊ နမ့်ကွတ်ရပ်ကွက်မှာ ဒီကနေ့မနက်က အကျဉ်းချုံး ကျင်းပပြုလုပ်ခဲ့ပါတယ်။
ချိကယ်တိုက်နယ်အတွင်းမှာ ကျေးရွာပေါင်း ၉ ရွာရှိပြီး တိုက်နယ်ပွဲအနေနဲ့ ကျင်းပရင် လူထောင်ချီ တက်ရောက်မှာဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ အကျဉ်းချုံးသာ ကျင်းပတာလို့ ပွဲတော်ဦးဆောင်ကျင်းပသူ ဦးမီရယ်မြင့်မောင်က ပြောပါတယ်။
“ပထမတုန်းကကျတော့ ကျနော်တို့ ချိကယ်တိုက်နယ်အဆင့်ဆိုတော့ အနည်းဆုံး ရွာ ၁၀ ရွာလောက်တော့ လာကြမယ်။ အခုက အကျဉ်းချုံးပြီးတော့မှ ကျနော်တို့ ကျန်းမာရေးဦးစီးဌာနရဲ့ လမ်းညွန်ချက်နဲ့အညီ ရောဂါကို တဖက်ကလည်း တားဆီးနိုင်အောင်၊ တဖက်ကလည်း ရိုးရာအစဉ်အလာ မပျက်လုပ်နိုင်အောင်ပေါ့။ လူအနည်းဆုံး လေး ငါးရာ ရှိမယ့်နေရာမှာ အခု လေး ငါးဆယ်တောင် မရှိဘူး။”
နှစ်စဉ် တံခွန်တိုင်ခုတ်တာတွေ၊ ရိုးရာအကကတာ၊ ဈေးရောင်းပွဲတွေနဲ့အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပေမယ့် ဒီနှစ်မှာတော့ တံခွန်တိုင်ခုတ်တာကို မပြုလုပ်တော့ဘဲ စိုက်ထူထားပြီးသား တံခွန်တိုင်အဟောင်းကို ပြန်လည်ပြုပြင်ပြီး ပူဇော်ခဲ့တယ်လို့ ဦးမီရယ်မြင့်မောင်က ပြောပါတယ်။
“ကျနော်တို့ မဖြစ်မနေ ရိုးရာအစဉ်အလာမပျက် လုပ်ကိုလုပ်ရမယ်လို့တော့ ဦးလေးတို့က ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ ကျန်းမာရေးလမ်းညွန်ချက်နဲ့အညီ လက်တွေဆေးတာတို့ ဘာတို့တာ့ လုပ်ပါတယ်။ ကျနော်တို့ရိုးရာပွဲတော်ကို သမီးတို့တွေ့တဲ့အတိုင်းပဲ တံခွန်တိုင်ကိုလည်းပဲ ကျနော်တို့ က အသစ်ခုတ်မယ့်အစား အဟောင်းကိုပဲ ပြင်ဆင်မွမ်းမံပြီးတော့မှ လှူတယ်၊ ဒါန်းတယ်။ ဧည့်သည်ကိုတော့ မဖိတ်တော့ဘူးပေါ့လေ။ တံခွန်တိုင်ကိုလည်း ပူဇော်ပသမယ်ပေါ့။ နေ့လယ်ကျရင် ဝက်ကလေးတကောင်နဲ့ လုပ်ဦးမယ်။ ဒါကလည်း လူ ဆယ့်လေး ငါးယောက်၊ နတ်ဆရာတွေ ဘာတွေနဲ့ ကျနော်တို့ ဖြစ်အောင်တော့ လုပ်သွားမှာပေါ့လေ။”
ဒီပွဲကို မကျင်းပဘဲ ရက်ရွှေ့ဆိုင်းထားဖို့ အာဏာပိုင်တွေက ပြောဆိုလာတာ ရှိပေမယ့် နောက်လမှ ရွှေ့ဆိုင်းရင် ရိုးရာအရ ဆန့်ကျင်သလိုဖြစ်တဲ့အတွက် ဒီလအတွင်းမှာပဲ နတ်ဆရာတွေနဲ့ ပြုလုပ်ရတာလို့လည်း ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၆၂ ကြိမ်မြောက် ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်း ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို ဒီးမော့ဆိုမြို့နယ် ဖဲလျားကျေးရွာမှာ မတ်လ ၂၈ ရက်နေ့က အကျဉ်းချုံး ကျင်းပပြုလုပ်သွားခဲ့ပါတယ်။
ကယားရိုးရာ ကေ့ထျှိုးဘို (ခေါ်) တံခွန်တိုင်ပွဲတော်ကို မိုးလေဝသ မှန်ကန်စေဖို့၊ ဆန်ရေစပါးနဲ့ ကောက်ပဲသီးနှံ ဖြစ်ထွန်း အောင်မြင်စေဖို့၊ သဘောဝဘေးအန္တရာယ်နဲ့ ရောဂါဘယ ကင်းဝေးစေဖို့၊ တိုင်းပြည်အေးချမ်း သာယာပြီးကမ္ဘာသူ/သားများ ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။
11 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up