တံခါးဘောင်ကြားညပ်နေသည့် ၇ နှစ်သမီးကို စွန့်စားကယ်တင်

April 11, 2017

တံခါးဘောင်ကြားညပ်နေသည့် ၇ နှစ်သမီးကို စွန့်စားကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံမှာ ပြတင်းတံခါး စတီးဘောင်ကြား ညပ်နေခဲ့တဲ့ ၇ နှစ်အရွယ် မိန်းကလေးတဦးကို အသက် ၁၂ နှစ်အရွယ် ကျောင်းသားလေးတဦးက စွန့်စားကယ်တင်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်ဇီခရိုင်၊ ရီချွမ်မြို့မှာ ဖြစ်ခဲ့တယ်လို့ စီဂျီတီအန် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ကယ်တင်ခဲ့တဲ့ ဇန်ခိုင်ဟိုး အမည်ရတဲ့ အဲဒီကျောင်းသားကလေးဟာ အော်ဟစ် အကူအညီတောင်းနေတဲ့ ကလေးငယ်ရဲ့အသံကို ကြားရချိန်မှာ သူ့ရဲ့သူငယ်ချင်း ပန်ဟိုမင်နဲ့အတူ ကျောင်းမှာရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ဇန်ဟာ ၂ မီတာကျော်အမြင့်ကို တက်ရောက်ခဲ့ပြီး ပြတင်းတံခါးဘောင်ရဲ့ အောက်ဘက်ကနေ မိန်းကလေးကို ပခုံးနဲ့ ထမ်းတင်ထားခဲ့ရတာပါ။ ဒီအဖြစ်အပျက်ဟာ အချိန် မိနစ် ၂၀ နီးပါး ကြာမြင့်ခဲ့ပြီးနောက်မှာမှ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာခဲ့ကာ အဲဒီကလေးငယ်ကို ကယ်တင်နိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ဇန်တာအိုက “ဒါဟာ တကယ့်ကို နိုင်ငံကြီးသားပီသတဲ့ စိတ်ပါပဲ၊ သူဟာ မိန်းကလေးကို ပခုံးနဲ့ထမ်းမ မထားနိုင်ခဲ့ရင် အဲဒီကလေးရဲ့လည်ပင်း စတီးပြတင်းကြားမှာညပ်ပြီး အသက်ဆုံးရှုံးသွားနိုင်ပါတယ်” လို့ ပြောပါတယ်။
4 years Ago
Up