တံခါးရင်း​ကျေးရွာ

A d v e r t i s e m e n t With Us

November 15, 2020

တံခါးရင်း​ကျေးရွာတွင် ကိုဗစ်​ထောက်ပံ့​ငွေအပြည့်အဝမရရှိမှု အောက်ခြေအထိစစ်ဆေးပေးရန် တောင်းဆို

စစ်ကိုင်းတိုင်း​၊ ယင်းမာပင်မြို့နယ် ဗြဟ္မဒါတ်​ကျေးရွာအုပ်စု တံခါးရင်း​ကျေးရွာမှာ နိုင်ငံ​တော်က​ပေးတဲ့ ​ထောက်ပံ့​ငွေ အပြည့်အဝမ​ပေးပဲ ဖြတ်ယူထားမှုကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်ကတည်းက တိုင်ကြားထားပေမဲ့ ဒီနေ့အထိ စစ်ဆေးအရေးယူတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဗြဟ္မဒါတ်​ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူးအား သမ္မတဆီ လိပ်မူပြီး စက်တင်ဘာ ၂၄ ရက်​နေ့က တိုင်တန်းခဲ့တာဖြစ်ပေမဲ့ ​အောက်​ခြေမှာ​ ဒီ​နေ့အချိန်ထိ စစ်​ဆေးမှုမရှိ​သေးဘူးလို့ ဆိုပါတယ်။ ဒေသခံပြည်သူ​တွေဟာ နိုင်ငံ​တော်ကသတ်မှတ်​ပေးတဲ့အတိုင်း အပြည့်ဝရရှိဖို့ ​တာဝန်ရှိသူတွေ ​အောက်​ခြေထိ ကွင်းဆင်းစစ်​ဆေး​ပေးဖို့ လိုလား​နေကြတာပါ။ တံခါးရင်းကျေးရွာနေ ​မယဥ်နုက “ကျမတို့ရွာ​ထောက်ပံ့​ကျေးရတာ ၁၀,၀၀၀၊ ၁၅,၀၀၀ ​လောက်ပဲရတာ။ ၂၀,၀၀၀ အပြည့်မရဘူး။ ၃ ကြိမ်ဖြတ်ခံရတာ။ ပထမအကြိမ်တုန်းက အပြည့်ရတယ်။ ဒုတိယအကြိမ်နဲ့တတိယအကြိမ်ကျ​တော့ ၅,၀၀၀ ဆီ အဖြတ်ခံရတယ်။ စတုတ္ထအကြိမ်ကျ​တော့ ၁၀,၀၀၀ အဖြတ်ခံရတယ်။ ကျမတို့က အ​ခြေခံလူတန်းစားဆို​တော့ အပြည့်ရချင်တယ်။ ဒါ့​ပေမယ့် မရဘူး။ နိုင်ငံ​တော်က​​ တဖက်တလမ်းက ထောက်ပံ့​ပေးတဲ့ဟာကို ​ကျေးဇူးလည်းတင်တယ်။ ကျမတို့အတွက်လည်း အ​ထောက်ကူရတယ်”လို့ ​ပြောပါတယ်။ ​ဒေသခံ ဦး​ကျော်သင်းလှက “နိုင်ငံ​တော်က​ထောက်ပံ့​ပေးတဲ့ ကိုဗစ်​ထောက်ပံ့​ငွေ အပြည့်အဝမရရှိခဲ့တာ​ကြောင့် ၉ လပိုင်း ၂၄ ရက်​​​နေ့က တိုင်ခဲ့ပါတယ်။ နိုင်ငံ​တော်သမ္မဆီက ကျ​နော်ဆီကို ​အောက်တိုဘာ ၇ ရက်​​နေ့က ပြန်စာရခဲ့ပါတယ်။ ဒီပြန်စာကလည်း စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကို စစ်​ဆေး​ပေးဖို့ လွှဲထားတဲ့စာပါ။ ​အောက်​ခြေမှာ​တော့ ဒီ​နေ့အချိန်ထိ စစ်​ဆေးမှု မရှိ​သေးပါဘူး။ အခု​ဝေမယ့် ၂၀,၀၀၀ ဟာလည်း ကျ​နော်တို့အုပ်စုမှာ​တော့ ​ရောက်​နေပါပြီ။ ​သရက်ကန်က ၁ အိမ်ကို ၁၀,၀၀၀ နဲ့ ဗြဟ္မဒါတ်မှာ​တော့ ၁ အိမ်ကို ၈,၀၀၀ နှုန်းနဲ့​ဝေပါတယ်။ ကျ​နော်တို့ရွာမှာ​တော့ မ​ဝေ​သေးပါဘူး။ အဲဒါ​ကြောင့် နိုင်ငံ​တော်ရဲ့ ညွှန်ကြားချက်​တွေကို ​အောက်ကပြည်သူ​တွေ အမှန်အကန် အပြည့်အဝရရှိဖို့ ​အောက်​ခြေထိ ကွင်းဆင်းပြီး စနစ်တကျ​လေး ကူညီ​စေချင်တယ်” လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ယင်းမာပင်မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးရဲလင်း​အောင်ကို ဆက်သွယ်​မေးမြန်းရာမှာ ​​ဝေတဲ့ဌာနဆိုင်ရာ​ ခေါင်း​ဆောင်နဲ့ စစ်ခိုင်းထားတယ်လို့ ​ပြောပါတယ်။ တံခါးရင်း​ကျေးရွာမှာ ကို​ဗစ်​ထောက်ပံ့​ငွေရရှိသူ အိမ်​​ထောင်စုဦး​ရေ ၁၁၅ အိမ် ရှိတယ်လို့ သိရပါတယ်။
4 months Ago
Up