တဲအဗစ်

A d v e r t i s e m e n t With Us

September 17, 2015

ချန်ပီယံလိဂ် ချဲလ်ဆီး ၄-၀ မက်ကာဘီ (ရုပ်သံဟိုက်လိုက်)

ဥရောပချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် ချဲလ်ဆီး နဲ့ အစ္စရေးကလပ် မက်ကာဘီ တဲလ်အဗစ်တို့ စက်တင်ဘာ ၁၆ ရက်ညက ယှဉ်ပြိုင်ကြရာ ချဲလ်ဆီး က ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ပွဲအစ ပထမပိုင်း ၆ မိနစ်မှာပဲ ချဲလ်ဆီးအသင်းက ၀ီလီယံ ဘောလုံးဆွဲယူ ကန်သွင်းဖို့လုပ်ရာ တဲလ်အဗစ်ဂိုးသမား ဖျက်ထုတ်ပုံကြမ်းလို့ ပင်နယ်တီကန်ခွင့်ရခဲ့ပေမယ့် ချဲလ်ဆီးက ဟာဇက် ကန်သွင်းတာ ဂိုးပေါ်ထောင်သွားလို့ ချဲလ်ဆီး အခွင့်အရေးတခု နစ်နာသွားခဲ့ပါတယ်။ ပွဲချိန် ၁၅ မိနစ်မှာတော့ ပြစ်ဒဏ်ဘောကတဆင့်  ၀ီလီယံက ချဲလ်ဆီးအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ၂၉ မိနစ်မှာ ချဲလ်ဆီးအတွက် ခြေစွမ်းပြ ကစားနေတဲ့ ၀ီလီယံ နာသွားလို့ ဒီယေဂို ကော်စတာနဲ့ လူစားလဲခဲ့ရပါတယ်။ ပထမပိုင်းပြီးကာနီးမှာ ချဲလ်ဆီးအသင်း ပင်နယ်တီထပ်ရပြီး ဒီတကြိမ်တော့ အော်စကာက အမှားအယွင်း ကန်သွင်းပြီး ချဲလ်ဆီးအတွက် ဒုတိယ ဦးဆောင်ဂိုး သွင်းယူခဲ့လို့ ပထမပိုင်းအပြီးမှာ ချဲလ်ဆီးက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးအသင်းပဲ ဖိကစားနိုင်ခဲ့ပြီး ၅၉ မိနစ်မှာ ကော်စတာ၊ ၇၉ မိနစ်မှာ ဖာဘရီဂတ်စ်တို့က အသီးသီးသွင်းယူကာ ချဲလ်ဆီးက ၄ ဂိုးပြတ် အနိုင်ရသွားပါတယ်။ ချန်ပီယံလိဂ် တခြားပွဲစဉ်တွေမှာတော့ လေဗာကူစင်က ဘိတ်ကို ၄ ဂိုး ၁ ဂိုး၊ ဒိုင်နမို ဇာဂရက်က အာဆင်နယ်ကို ၂ ဂိုး ၁ ဂိုး၊ ဘိုင်ယန်မြူးနစ်က အိုလံပီယာကော့စ်ကို ၃ ဂိုး ဂိုးမရှိ၊ ဇင်းနစ်က ဗလန်စီယာကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ရိုးမားနဲ့ ဘာစီလိုနာအသင်းကတော့ ၁ ဂိုးစီသရေ၊ ဒိုင်နမိုကိယက်ဖ်နဲ့ ပေါ်တိုက ၂ ဂိုးစီသရေ၊ ဂျန့်နဲ့ လိုင်ယွန်က ၁ ဂိုးစီသရေရလဒ်တွေ အသီးသီးရရှိခဲ့ပါတယ်။
5 years Ago
Up