တဲစုရွာ

June 17, 2021

ခင်ဦးမြို့နယ်၊ တဲစုရွာကို စစ်တပ်က ဝင်ရောက်ပြီး ပြည်သူပိုင် ရွှေငွေပစ္စည်းများ ယူသွား

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်တိုင်းကြီးကျေးရွာအုပ်စု၊ တဲစုကျေးရွာကို ဇွန်လ ၁၇ ရက် နေ့ခင်း ၂ နာရီလောက်မှ  အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ပြည်သူတွေပိုင်တဲ့ ရွှေငွေနဲ့ ပစ္စည်းတွေယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်တပ်က ရွာက အရက်သမားတစ်ယောက်ကို ခေါ်လာပြီး  စာရင်းပြပြီးလိုက်ပို့ခိုင်းတယ်။ လမ်းဘေးအကြော်ဆိုင်က အကြော်ရောင်းရငွေ ကျပ် နှစ်သောင်းကျော်ကိုလည်း ယူသွားတယ်။ ကိုကျော်နိုင်ဦး (ဂဟေဆိုင်)ဝင်ပြီး အိမ်ရှိပစ္စည်း သယ်လိုရတာမှန်သမျှ အကုန်သယ်သွားပြီး သယ်လို့မရတဲ့ပစ္စည်းတွေဖျက်ဆီးခဲ့တယ်။ လယ်ကြားမှာရပ်ထားတဲ့ (ကြံ့ခိုင်ရေးပါတီ အမာခံထောက်ခံသူ) ဒေါ်မြအေးရဲ့ ဆိုင်ကယ်ပုံးထဲက ရွှေ ၆ ကျပ်သားကျော်ကိုလည်း ယူသွားကြတယ်”လို့  တဲစုရွာသားတစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ တဲစုရွာအတွင်း ၂ နာရီလောက် မွှေနှောက်သွားကြပြီး ညနေ၄ နာရီလောက်မှာ ခင်ဦးမြို့ကို ပြန်သွားတယ်လို့ သိရပါတယ်။

7 months Ago
Up