တေးသံရှင်ပိုပို တကိုယ်တော်ဖျော်ဖြေပွဲ မန္တလေးတွင် ကျင်းပမည်

February 5, 2020

တေးသံရှင်ပိုပို တကိုယ်တော်ဖျော်ဖြေပွဲ မန္တလေးတွင် ကျင်းပမည်

ထူးခြားတဲ့ ပုံစံတမျိုးနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်တဲ့ အမျိုးသမီးတေးသံရှင် ပိုပိုရဲ့ တကိုယ်တော်တေးဂီတဖျော်ဖြေပွဲကို မန္တလေးမြို့မှာ ကျင်းပသွားဖို့ ရှိနေပါ တယ်။        Masterpiece in Mandalay လို့ အမည်ပေးထားတဲ့ ဒီဖျော်ဖြေပွဲလက်မှတ်တွေကို တော့ ဒီကနေ့မှာ စတင်ရောင်းချနေတာ ဖြစ်ပါတယ်။        လက်မှတ်ဈေးနှုန်းတွေကိုတော့ GA ကျပ် ၈၀၀၀ မှစတင်ပြီး VIP ကျပ်၂၅၀၀၀ နဲ့ VVIP ကျပ် ၄၅၀၀၀ လို့ အသီးသီးသတ်မှတ်ရောင်းချနေတာပါ။        ပိုပိုဟာ Underground တေးဂီတလောကမှာ အချိန်အတော်ကြာ ကျင်လည်ခဲ့ပြီးမှ ‘ချစ်ဖူးခဲ့သမျှ’ တကိုယ်တော်တေးအယ်လ်ဘမ်တချပ်တည်းနဲ့တင် ပရိ သတ်လက်ခံအား ပေးမှု ရရှိခဲ့သူတဦးဖြစ်ပြီး ဒုတိယမြောက်တေးအယ်လ်ဘမ် ‘အလွမ်းသီ ချင်းကြိုက်တဲ့ ရေဒီယို’ တေးအယ်လ်ဘမ်အပါအဝင် အတွဲသီချင်းအယ်လ်ဘမ်တွေမှာပါ သီဆိုအောင်မြင် ခဲ့သူ ဖြစ်ပါတယ်။        ခုပြုလုပ်မယ့် တကိုယ်တော်တေးဂီတဖျော်ဖြေပွဲကတော့ ပိုပိုရဲ့ ပထမဆုံးသော တကိုယ်တော်ဖျော်ဖြေပွဲဖြစ်လာမှာဖြစ်ကာ သူ့ရဲ့ ဆိုနေကျထုံးစံအတိုင်း အကအလှတွေ နဲ့ မြူးမြူးကြွကြွ ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။        Million Dreams Music Band ရဲ့ တီးခတ်မှုနဲ့ ဖျော်ဖြေမယ့် ဒီဖျော်ဖြေပွဲကိုတော့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ မန္တလေးမြို့၊ Yadanarpon Event Park မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
1 year Ago
Up