တော​ကျောင်း​ကျေးရွာ

December 25, 2020

ကိုဗစ်ကူးစက်မှုများလာသဖြင့် ဆားလင်းကြီး ​တော​ကျောင်း​ကျေးရွာကို stay at home သတ်မှတ်

စစ်ကိုင်းတိုင်း​ ဆားလင်းကြီးမြို့နယ် ​လက်ပန်​တောင်း​ကျေးရွာအုပ်စု ​တော​ကျောင်း​ကျေးရွာမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု များလာတာကြောင့် stay at home ​နေထိုင်ဖို့ ဒီဇင်ဘာ ၂၅ ရက်​နေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ ​​တော​ကျောင်း​ကျေးရွာမှာ ရက်ပိုင်းအတွင်း ပိုး​တွေ့လူနာ ၁၀ ဦးထိ ရှိလာတာကြောင့် အခုလိုသတ်မှတ်လိုက်တာလို့ ​သိရပါတယ်။ ​ဆားလင်းကြီးမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးဆန်းမြင့်က "​တော​ကျောင်း​ကျေးရွာကို stay at home သတ်မှတ်တာ ဟုတ်ပါတယ်။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က​နေ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၇ ရက်​နေ့အထိ မြို့နယ်ကျန်းမာ​ရေးက​နေ အမိန့်ထုတ်ပြန်တာ​ပေါ့။ မ​နေ့က ဒီဇင်ဘာ ၂၄ ရက် ၁ ရက်တည်း ပိုး​တွေ့ လူနာ ၅ ​ယောက်တိုးတယ်။” လို့ ပြောပါတယ်။  တော​ကျောင်း​ကျေးရွာ​နေ မသန်းသန်း​ထွေးက  "အခုလိုသတ်မှတ်လိုက်​တော့ အခု​လော​လောဆယ်​တော့ ​တောင်သူ​တွေအပါဝင် လက်လုပ်လက်စား​တွေပါ ဒုက္ခ​ရောက်​နေကြတာ​ပေါ့။ ကြက်သွန်​တွေကလည်း စိုက်လျက်တန်းလန်းဖြစ်​နေတာရယ် ​စျေးတည့်ထားတဲ့ ကုန်​တွေကလည်း အယူမလာကြ​တော့ပိုအခက်​တွေ့တာလို့" လို့ပြောပါတယ်။ တော​ကျောင်း​ကျေးရွာမှာ အိမ်​​ထောင်စု ၁၅၀ ​ကျော်ရှိပြီး လူဦး​ရေ ၆၀၀ ​ကျော် နေထိုင်တယ်လို့ သိရပါတယ်။ ဆားလင်းကြီးမြို့နယ်မှာ လက်ရှိအချိန်ထိ ပိုး​တွေ့လူနာ ၂၈ ​ယောက်​ရှိပြီဖြစ်ပြီး ​ဆေးရုံမှာ ကုသဆဲလူနာက ၁၄ ​ယောက်ရှိတယ်လို့ ​​မြို့နယ်အုပ်ချုပ်​ရေးမှူးက ပြောပါတယ်။
10 months Ago
Up