တော်ဝင်မိသားစုဝင်

A d v e r t i s e m e n t With Us

January 9, 2020

မင်းသားဟယ်ရီနှင့်ဇနီးမက်ဂန်တို့ ဗြိတိန်တော်ဝင်မိသားစုဝင်အခန်းကဏ္ဍ စွန့်လွှတ်ရန် စီစဉ်နေ

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ ဇနီး မက်ဂန်တို့ဟာ တော်ဝင်မိသားစုဝင် အခန်းကဏ္ဍကို  စွန့်လွှတ်ပြီး ဘဏ္ဍာရေးအမှီအခိုကင်းအောင် အလုပ်လုပ်ဖို့ စီစဉ်ထားတယ်လို့ ဟယ်ရီက ဇန်နဝါရီလ ၈ ရက်မှာ ပြောလိုက်ပါတယ်။  သူတို့ဟာ  ဘုရင်မကြီး၊  ဓနသဟာယအဖွဲ့ နဲ့    သူကောင်းမျိုးတာဝန်တွေကို  ဆက်ထမ်းဆောင်ပြီး ဗြိတိန်နဲ့ အမေရိကန်  နှစ်နိုင်ငံအကြား အချိန်ကို မျှတအောင်ပေးဖို့ စီစဉ်ထားတယ်လို့  ဟယ်ရီနဲ့ မက်ဂန်က ဆိုရှယ်မီဒီယာ အင်စတာရမ်မှာ ဖော်ပြခဲ့ပါတယ်။   တော်ဝင်မင်းသား  ဟယ်ရီနဲ့ မက်ဂန်တို့ဟာ   ၂၀၁၈ မေလတုန်းက လန်ဒန်မြို့အနောက်ဘက် ဝင်ဆာရဲတိုက်ကြိးမှာ တခမ်းတနား မင်္ဂလာဆောင်ခဲ့ကြပါတယ်။   ၂၀၁၉ မေလမှာတာ့  ဆက်ဆက်စ်မြို့စားနဲ့ မြို့စားကတော်ဆိုပြီး ထင်ရှားတဲ့ သူတို့နှစ်ဦးဟာ   ပထမဆုံး သားဦးလေးကို မွေးဖွားခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ်  ဟယ်ရီဟာ ဗြိတိန်နန်းမွေကို ဆက်ခံမယ့်  နံပါတ် ၆ နေရာမှာ ရှိပြိး သူနဲ့ မက်ဂန်တို့ ကနေဒါခရီးကနေ ပြန်လာကတည်းက သူတို့နှစ်ဦး တော်ဝင်မိသားစုဝင် အခန်းကဏ္ဍကို  စွန့်လွှတ်မယ်ဆိုတဲ့ ထင်ကြေးတွေ အများအပြား ပေါ်ထွက်ခဲ့ပါတယ်။ 
1 year Ago
Up