တော်လှန်‌သောဂီတအဖွဲ့

March 4, 2021

CDM ဝန်ထမ်း‌များကို တော်လှန်‌သောဂီတအဖွဲ့က ခွန်အားဖြည့် ဖျော်ဖြေပေး

ရန်ကုန့်မြို့က လူငယ်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ တော်လှန်သောဂီတအဖွဲ့ (Revolutionary Music) က မြို့နယ်တွေက CDM ဝန်ထမ်းတွေကို သွားရောက်ဖျော်ဖြေပေးပြီး ခွန်အားပေးအစီအစဉ်‌တွေ ပြုလုပ်နေပါတယ်။

တတိယမြောက်မြို့နယ်အဖြစ် ကွမ်းခြံကုန်းမြို့ကို မတ်လ ၄ ရက်က ‌လာရောက်ဖျော်ဖြေခဲ့ပြီး အဲ့မတိုင်ခင် ရန်ကုန်နဲ့ ကော့မှူးမြို့တွေမှာ ပြုလုပ်ခဲ့ပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒပြအပြီး မင်းကန်ရှေ့ မျက်ခင်းပြင်မှာ စုရုံးပြုလုပ်ခဲ့တာပါ။

CDM လုပ်တဲ့ ဝန်ထမ်းတွေအတွက် စိတ်ပိုင်းဆိုင်ရာကို ဂီတနဲ့ ထောက်ပံ့ပေးပြီး သီချင်းတွေဆို၊ နိုင်ငံရေး အသိပညာပေးဟောပြောတာတွေ လုပ်ဆောင်နေတယ်လို့ တော်လှန်သော ဂီတအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အာဏာသိမ်းချိန်ကစပြီး တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ ပြည်သူတွေအားလုံးရဲ့ ခံစားချက်၊ ခံယူချက်တွေ အားလုံးက တစ်ညီတည်းဆိုတာ ပြချင်တဲ့အတွက် ပြည်သူအားလုံးပါဝင်တဲ့ လက်သုံးချောင်းပုံကို Finger Print နဲ့ ရိုက်နှိပ်ပြီး လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ တော်လှန်ရေးမှာ ကျဆုံးသွားတဲ့ အာဇာနည်တွေကိုလည်း ဂုဏ်ပြုခဲ့ပါတယ်။

နိုင်ငံရေးအခြေအနေက အချိန်နဲ့ပြောင်းလဲနေတဲ့အတွက် ဖြစ်ပေါ်လာတဲ့အခြေအနေပေါ် မူတည်ပြီး တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

9 months Ago
Up